၃ နှစ်ပြည့်

လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၄ခုနှစ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် ထားဝယ်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် (၃)နှစ်ပြည့် အခမ်းအနားကို “လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတရပ်လုံး သွေးဆူကြဟေ့” ဆိုသည့် ကြွေးကြော်သံဖြင့် ယနေ့ နံနက်ပိုင်းက လောင်းလုံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြည်သူသိန်းချီပါဝင်သည့် ထားဝယ်မြို့ပေါ်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ ကျည်အစစ်များအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ကိုဗညား (၃၉ နှစ်)၊ ကိုဖေသန်း (၃၈ နှစ်)၊ ကိုသန်းဝင်း (ခ) ဂျွန်မာခမ် (၃၆ နှစ်)နှင့် ကိုလွင်လွင် (၃၃ နှစ်) တို့ ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်လူထု…
Read More
နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။ နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။ ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)၊ "အဖြူရောင် လှုပ်ရှားမှု" (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။ (more…)
Read More