Politics

အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးသံတမန်လည်းဖြစ်သူ မာရီယာထရီဆာလာဇာရိုသည် အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) ၌ မြန်မာနိုင်ငံကို သွားရောက်ရန်ရှိကြောင်း ထိုင်းသတင်းဌာန Thai PBS ၌ ဖော်ပြထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင် အကူအညီပေးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုတာဝန်ရှိသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ လာဇာရို၏ အောက်တိုဘာ (၂၈ - ၂၉) နှစ်ရက်ကြာ ခရီးစဉ်၌ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိနေပြီး စစ်ရေးပဋိပက္ခ ကြုံတွေ့နေရသည့် နေရာများသို့ပါ လူသားချင်းအကူအညီများ တိုက်ရိုက်ပေးပို့နိုင်ရန် ဆွေးနွေးရန် ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနက ဖော်ပြထားသည်။…
Read More
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရခဲ့ကြောင်း ကင်မ်အဲရစ် ပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရခဲ့ကြောင်း ကင်မ်အဲရစ် ပြော

RNA_အောက်တိုဘာ(၂၂)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရရှိခဲ့ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက်တဆင့် ယနေ့ (အောက်တိုဘာ ၂၂ ရက် ) တွင် အသိပေးဖော်ပြထားသည်။ “ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်” ဟု ကင်မ်အဲရစ်က ရေးသားထားသည်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကင်မ်အဲရစ်က စစ်အုပ်စု သက်ဆိုင်ရာသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှတဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် (၅) နှစ်ကျော်ကာလအတွင်း မိခင်ဖြစ်သူနှင့် ပထမဆုံးအကြိမ် စကားပြောဆိုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်…
Read More
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုက ငြိမ်းချမ်းရေးအတွက်ဟု စစ်အုပ်စု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုက ငြိမ်းချမ်းရေးအတွက်ဟု စစ်အုပ်စု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

RNA_အောက်တိုဘာ(၂၁)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုက နိုင်ငံတစ်ဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် စစ်ရေးအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်အုပ်စု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။ NCA (၁၁) နှစ်မြောက် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ အောက်တိုဘာ (၁၆ - ၁၇) ရက်နေ့တို့တွင် (၂) ရက်ဆက် ကျင်းပခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာသတင်းဌာနများ၏ ရှုတ်ချပြောဆို ရေးသားမှုများအပေါ် စစ်အုပ်စုက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “အဓိကအားဖြင့်တော့ သူတို့ (သတင်းဌာနများ) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ပတ်သက်ပြီး Human Right ပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဗုံးကြဲတဲ့ကိစ္စပေါ့။…
Read More
အင်္ဂလန် ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာအုပ်နှင့် သံတမန်အိတ်ပိတ်စာ (၂) စောင် ပေးပို့

အင်္ဂလန် ချားလ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာအုပ်နှင့် သံတမန်အိတ်ပိတ်စာ (၂) စောင် ပေးပို့

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အင်္ဂလန်နိုင်ငံ တတိယမြောက် ချားလ်ဘုရင်က စာအုပ်နှင့် သံတမန်အိတ်ပိတ်စာများ ပေးပို့ခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။ တတိယမြောက် ချားလ်ဘုရင် ဖိလစ်အာသာဂျော့ချ် (Charles Philip Arthur George) က ဒေါ်အောင်ဆန်းစုကြည်ထံ The Land Garderners – Soil to Table နှင့် Soil: The World at Our Feet စာအုပ် (၂) အုပ်အပါအဝင် အိတ်ပိတ်စာအိတ် (၁) အိတ်၊ သံတမန်အိတ်ပိတ်စာတို့ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ထံ…
Read More
စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး မိုက်ဝေါ့ဇ် (Mike Waltz) ထံ အောက်တိုဘာ (၁၄) ရက်က စာရေးသားပေးပို့ တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာမှုအား အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မြန်မာ့ကိုယ်စားလှယ် ခန့်အပ်မှုနှင့်ပတ်သက်၍ ရွှေ့ဆိုင်းထားမှုအား လက်ရှိအတိုင်း ဆက်လက်ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုခဲ့သူများသည် အမေရိကန်လွှတ်တော်၏ မြန်မာ့ရေးရာအဖွဲ့ (Congressional…
Read More
NCA ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း RCSS ပြော

NCA ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း RCSS ပြော

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ပြီး ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ (အောက်တိုဘာ ၁၅ ရက်) ထုတ်ပြန်ပြောကြားထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိသည့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် (၁၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး NCA အပေါ် ပြည်သူလူထုက ယုံကြည်မှု ကျဆင်းနေကြောင်းလည်း ပြောကြားထားသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်လည်း…
Read More
မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း

မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း

"အရင်းရှင်ကမကြိုက်ရင်လည်း အလုပ်ပြုတ်ခံပြီး အမှန်တရားကို ပြောရဲရမယ်။ အာဏာရှင်က မကြိုက်ရင်လည်း အဖမ်းခံ၊အသတ်ခံပြီး အမှန်တရားဘက် ပြတ်ပြတ်ရပ်ရမယ်။ ကျနော့်အနေနဲ့ မီဒီယာတွေကို အမှန်တရားနဲ့ ပြည်သူကလွဲပြီး ကျန်တာ ဘာကိုမှထပ်ပြီးမတောင်းဆိုတော့ပါဘူး" ကျော်ကိုကို (၃ အောက်တိုဘာ ၂၀၂၆) တော်လှန်ရေးကာလမှာ မီဒီယာရဲ့ တာဝန်ဟာ တော်လှန်ရေးဘက်မှ ဝါဒဖြန့်ချီဖို့ပဲ ဖြစ်သင့်တယ်လို့ ကျနော်တို့ရဲ့ ရဲဘော်ကြီး ကိုအောင်မှိုင်းဆန်းက အဆိုတင်သွင်းခဲ့တဲ့အတွက် အယူအဆရေးရာ အငြင်းအခုန်တွေ ဖြစ်နေကြရပါတယ်။ ကြိုတင်ဝန်ခံလိုတာကတော့ အခုလို အယူအဆရေးရာ အငြင်းအခုန်သော်လည်းကောင်း၊ အယူဝါဒဆိုင်ရာ တိုက်ပွဲလို့ခေါ်ဆိုမယ်ဆိုရင်လည်းရတဲ့ စကားစစ်ထိုးပွဲသော်လည်းကောင်း ဘာတွေပဲရှိရှိ ဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ အကျိုးစီးပွားသက်သက်အတွက် အငြင်းအခုန်ဖြစ်နေကြတာမဟုတ်ကြဘဲ တော်လှန်ရေးအကျိုးစီးပွားအတွက် ငြင်းခုန်နေကြလို့ဖြစ်တယ်။ ဒီထက်ပိုရှင်းရရင် ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးအယူအဆတွေ၊…
Read More
🔴 [EXCLUSIVE] TIME မဂ္ဂဇင်းမှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ မင်းအောင်လှိုင် | TIME Magazine

🔴 [EXCLUSIVE] TIME မဂ္ဂဇင်းမှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ မင်းအောင်လှိုင် | TIME Magazine

Red News Agency သတင်းဌာနကနေ အခုတင်ဆက်ပေးမှာကတော့ "မှန်ကြိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အရှက်တကွဲ" ဖြစ်ရပ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ကမ္ဘာကျော်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဩဇာကြီးမားတဲ့ TIME မဂ္ဂဇင်းကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲ အရှက်တကွဲ အကျိုးနည်းခဲ့ရတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/Ewm4B6vT0J8?si=zIDILtqeuF4WtxFE 🔴 TIME မဂ္ဂဇင်း ဆောင်းပါး အနှစ်ချုပ် - 📌 တွေ့ဆုံမှုမတိုင်မီ ပြင်ဆင်မှုနှင့် ဟန်ဆောင်မှုများ နေပြည်တော်ရှိ အင်တာဗျူးလုပ်မည့် အခန်းတွင်းသို့ မင်းအောင်လှိုင် မရောက်မီ ကနုတ်ဘောင်များတပ်ဆင်ထားသည့် မှန်တစ်ချပ်…
Read More
စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တင်သွင်းသည့် ပို့ကုန်များကို စစ်အုပ်စုက ပိတ်ပင်လိုက်မှုကြောင့် တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်ဝန်းကျင်အထိရှိလာကြောင်း သိရသည်။ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်မှတဆင့် တင်ပို့သည့် အေးခဲစားသောက်ကုန်များအပါအဝင် အခြေခံစားသောက်ကုန်များကို စစ်အုပ်စုက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင်း ယာယီတားမြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများလည်း ဖော်ပြထားသည်။ မယ်ဆိုင်မှ တင်သွင်းကုန်များ ယာယီပိတ်ပင်ထားမှုအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ မပြည့်မီခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးဆောင်ရမည့် ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်ထားခြင်း မရှိခြင်းကြောင့် ပို့ကုန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း စစ်အုပ်စုက အကြောင်းပြပြောဆိုထားသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်မှုကြောင့်…
Read More
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားသို့ သွားရောက်ဖွယ်ရှိ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားသို့ သွားရောက်ဖွယ်ရှိ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိတ်ခေါ်ကြောင်း စက်တင်ဘာ (၁၆) ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များကို တရားဝင်နေရပ်ပြန်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန်အတွက် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် လာရောက်ရန် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ် စိတ်ကြိုက်ပြင်ဆင်ထားသည့် ၂၀၂၅ ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုအစိုးရကို အာဆီယံက အသိအမှတ်မပြုသေးသော်လည်း နေရပ်စွန့်ခွာသူများအရေးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အန်ဝါအီဘရာဟင်က ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ အာဆီယံမူဝါဒအတိုင်း မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်အရေးကိစ္စ ဘယ်သူနဲ့…
Read More