Operation 1027

၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇) မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောက်ရွက်သွားမည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်ရှိ တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရရှိ အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ပြီး…
Read More
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း PLA ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရသည်။ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် သခွား၊ ရဲဘော်ဇနက္က၊ ရဲဘော်ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော်ဝက်သိန်း၊ ရဲဘော်စိန်လွင်၊ ရဲဘော်ဝကြီး၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်းတို့ တိုက်ပွဲအတွှု်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များအား “သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုထားသည်။ (more…)
Read More
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် "နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃)…
Read More
စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ငြိမ်ချမ်းရေးကုန်းမှ TNLA ယာယီဆုတ်ပေးလိုက်ရ

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။ ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၉ နာရီ ၁၈ မိနစ်ဝန်းကျင်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်လာသည့်အတွက် ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူလူထုအတွက် စစ်ဒဏ်သင့် ဆုံးရှုံးမှုများမည်စိုးသည့်အတွက် ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။ "ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်" ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ…
Read More
ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)…
Read More
စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA - ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။ စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး…
Read More
စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် "စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်" ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။ လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင်…
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၃ခုနှစ်။ စစ်ကောင်စီ၏ တပ်မ (၉၉) နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ဒဏ်ရာရစစ်သည်တဦးကို စွန်ပစ်ထားခဲ့သည့်အတွက် MNDAA မှကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီတပ်ကို အရမ်းစိတ်နာကြောင်း ဖွင့်ဟဝန်ခံထားသည်။ စစ်ကောင်စီတပ်မ( ၉၉) လက်အောက် အထူးတပ်ရင်း (၁၅) တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ကို တိုက်ပွဲအတွင်း ဒဏ်ရရှိချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ စွန်ပစ်ခံ စစ်ကောင်စီတပ်သားကို ကယ်တင်နိုင်ခဲ့ကြောင်း၊ MNDAA မှ…
Read More
စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ (၂) စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့်…
Read More