သန်လျင်

လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးများတွင်လည်း ပါဝင်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးအတွက် ပေးဆပ်သွားသူဖြစ်သည့်အတွက် လေးစားဂုဏ်ယူရသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက် ၄၅ နှစ်)သည် ဧပြီလ (၂၇) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဧပြီလ (၂၈) ရက်နေ့မှာ အမိန့်ပြန်ခြင်း၊ အာဇာနည်အဖြစ် ရဲဘော်များက အလေးပြုခြင်းစသည် အခန်းအနား တို့ကိုပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

RNA_မတ် (၂၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်၊ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီး ယနေ့ (မတ်လ ၂၄ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီထောက်ခံသူလည်းဖြစ် နည်းပညာဆိုင်ရာနှင့်ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများသည့် ဦးမင်းတေဇညွန့်တင် သေနတ်ဖြင့် (၁၀)ချက်ထက်မနည်း အပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Urban Owls မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဦးမင်းတေဇညွန့်တင်သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဟု သိရပြီး လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်သည်။ (more…)
Read More
အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၂ခုနှစ်။ ယနေ့ည ၈နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ဗဟိုကျောင်းအရှေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးသွား​ကြောင်း သိရသည်။ သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်း ရှေ့အနီးမှစစ်ဆေးနေသော အကြမ်းဖက်စစ်တပ်မှ သန်လျင်စျေးနာရီစင်ကနေ တစ်ဦးတည်းဆိုင်ကယ်မောင်း နှင်းလာသော ဟံသာဝတီလမ်းနေ အပြစ်မဲ့ပြည်သူ ကိုဇော်နိုင်ကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်နိုင်မှာ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း ???????? ???????????? ကသတင်း ထုတ်ပြန်ထားသည်။ ထိုပစ်ခတ်မူမတိုင်မီ အကြမ်းဖက်စစ်တပ်သည် ရေတပ်ကစစ်သားများဖြစ်ပြီး ဟံသာဝတီလမ်းထိပ်အနီးတွင် စစ်ဆေးနေကြောင်း၊ ထိုရေတပ် စစ်သားများ အရက်အလွန်အကျွံမူးနေကြောင်း၊ တချို့ဆိုင်ကယ်စီးလာသူများအား အင်္ကျီ ချွတ်ခိုင်းကာ စစ်သည်အထိပင် ပြုလုပ်နေကြောင်း ဖြစ်စဥ်ကိုမြင်တွေခဲ့ရသူတစ်ဦးပြောသည်။ (more…)
Read More