Uncategorized

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကင်မ်၏တောင်းဆိုစာကို စစ်အုပ်စုသံရုံးက လက်မခံ

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကင်မ်၏တောင်းဆိုစာကို စစ်အုပ်စုသံရုံးက လက်မခံ

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် သားဖြစ်သူ ကင်မ်အဲရစ်က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ သံရုံးသို့ စာပေးပို့တောင်းဆိုခဲ့သော်လည်း လက်မခံကြောင်း ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူနှင့် (၅) နှစ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသည့် ကင်မ်အဲရစ်က ၎င်းအနေဖြင့် မိခင်ဖြစ်သူကို ပြန်လည်မြင်တွေ့ခွင့်ရလိုကြောင်းနှင့် စကားပြောခွင့်ရလိုကြောင်း အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း စစ်အုပ်စုဘက်မှ ငြင်းပယ်နေခြင်း ဖြစ်သည်။ “ပရာ့ဂ်မြို့မှာ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုထားတဲ့စာကို မြန်မာသံရုံးကတစ်ဆင့် ပေးပို့ဖို့ ကျွန်တော် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က စာကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်”ဟု…
Read More
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်သူများထဲတွင် မြန်မာ (၁) ဦးပါဝင်နေ၊ ပိုင်ဆိုင်မှု ဘတ်သန်း (၅၀၀) ကျော် သိမ်းဆည်းရမိ

ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်သူများထဲတွင် မြန်မာ (၁) ဦးပါဝင်နေ၊ ပိုင်ဆိုင်မှု ဘတ်သန်း (၅၀၀) ကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး (ACSC) နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့၏ ယနေ့ (အောက်တိုဘာ ၁၃ ရက်) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား (၁) ဦးအပါအဝင် အွန်လိုင်းငွေကြေးလိမ်လည်သူ (၃၉) ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များက ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဆမွတ်ပရာကန်၊ ဆာရာဘူရီ၊ ဆင်ဘူရီ၊ နာခွန်ပတ်ဟွန်၊ ချွန်ဘူရီ၊ ကလာဆင်၊ နာရာထီဝတ်နှင့် ရနောင်းတို့ရှိ နေရာ (၂၇) ခုကို ဝင်ရောက်စီးနင်းချိန် အွန်လိုင်းငွေကြေးလိမ်လည်သူများကို ဘတ်သန်း (၅၀၀) ကျော်တန်ဖိုးရှီ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသူများထဲတွင် ထိုင်းနိုင်ငံသား (၃၀)ဦး၊ တရုတ်နိုင်ငံသား…
Read More
စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်…
Read More
အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဆို

အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံကို (၂) ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့သည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံတို့ကလည်း ဖိတ်ခေါ်ဖို့ရှိနေကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက အောက်တိုဘာ (၈) ရက်၌ ဒေသတွင်းသတင်းဌာနများကို ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း (၅) နိုင်ငံမြောက် ခရီးစဉ်အဖြစ် မလေးရှားကို အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ အေးစက်ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ စစ်အုပ်စုက ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းသတင်းအချက်အလက်များသည် မလေးရှားခရီးစဉ်မှတဆင့် တခြားဒေသတွင်းနိုင်ငံများသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည်…
Read More
မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုခြင်းဟု မယူဆသင့်ကြောင်းနှင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံခြင်းမဟုတ်ကြောင်း မလေးရှားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရေးအတွင်းရေးမှူး မူဟာမက်ကာမေးလ်အဗ္ဗဒူမူနင်က ပြောကြားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernamma က ဖော်ပြထားသည်။ မလေးရှားအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုကာလအတွင်း မြန်မာထိပ်တန်း တာဝန်ရှိသူတစ်ဦးကို မလေးရှားသို့ ဖိတ်ခေါ်ခဲ့ခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရန် သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာ(စစ်အုပ်စု)ထိပ်ပိုင်းတာဝန်ရှိသူနဲ့ တွေ့ဆုံတာဟာ သူတို့ကို အသိအမှတ်ပြုတာလို့ မယူသင့်ပါဘူး။ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုလို့ မရပါဘူး”ဟု ကာမေးလ်မူနင်က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား…
Read More
ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။ မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာမက ထောင်မကျခင်က…
Read More
အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။ (more…)
Read More
လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရန် အပစ်ရပ်ပြောနေစဉ် လူသားမဆန်သည့် စစ်ကောင်စီတပ်သားများကြောင့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်တပ်မတော် - BLPA) မှ တပ်စုမှူး ရဲဘော်ကျော်မျိုးသူ (ခ) ကျော်ကြီး ဇွန်လ ၁၉ ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ (more…)
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။ ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
Read More