Uncategorized

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။ (more…)
Read More
လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရန် အပစ်ရပ်ပြောနေစဉ် လူသားမဆန်သည့် စစ်ကောင်စီတပ်သားများကြောင့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်တပ်မတော် - BLPA) မှ တပ်စုမှူး ရဲဘော်ကျော်မျိုးသူ (ခ) ကျော်ကြီး ဇွန်လ ၁၉ ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ (more…)
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။ ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
Read More
ပေါင်းတည်မြို့သား ရဲဘော်စောနိုင်၏ ဈာပန

ပေါင်းတည်မြို့သား ရဲဘော်စောနိုင်၏ ဈာပန

RNA_မေ(၃)၊၂၀၂၅ခုနှစ်။   ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပေါင်းတည်မြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲဘော်ဟောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော် စောနိုင် (အသက် ၅၆ နှစ်)၏ ဈာပနအခမ်းအနားကို ယနေ့ (မေလ ၃ ရက်) နေ့လယ်ပိုင်းက မဲဆောက်မြို့မှာ ကျင်းပခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်-မိုးကောင်း-မြစ်ကြီးနားလမ်းနှင့် တနိုင်း-မိုးကောင်း-မြစ်ကြီးနားလမ်းဆုံတို့ဖြစ်သော လဝါးကျေးရွာမှ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ် (SNA)တို့ ပူးပေါင်းထားသော အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်ထားသော ဖားကန့်-မိုးကောင်းလမ်းကြောဖြစ်သည့် နမ့်ယားဘက်ကို စစ်ကြောင်းထိုးလာသည်ဟု ယနေ့ ဒေသခံများက ပြောကြားထားသည်။ ဖားကန့်လာသည့် ခရီးသွားပြည်သူများ၏ အတက်အဆင်းလမ်းများကို ပိတ်ထားကြောင်း၊ ဖားကန့်မှ ဟိုပင် - မိုးညှင်းထွက်သည့် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီနှင့်ရှမ်းနီတပ်တို့ ပူးပေါင်းပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီသည် ဖားကန့်ဝင်များကို ပြန်ယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ (more…)
Read More
ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN တပ်ခွဲ (၃) သည် NUG/MOD လက်အောက်မှ နှုတ်ထွက်

ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN တပ်ခွဲ (၃) သည် NUG/MOD လက်အောက်မှ နှုတ်ထွက်

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တပ်ခွဲ (၃) 21 Bagan တပ်ဖွဲ့သည် ဧပြီလ ၂၃ ရက်နေ့မှစတင်ပြီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှနှုတ်ထွက်ပြီး ပေးအပ်ခဲ့သော လက်နက်ခဲယမ်းများကို ပြန်အပ်မည်ဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အခြေစိုက် 21 BAGAN - LPDF အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ MOD လက်အောက်အရောက်တွင် တပ်ခွဲ - ၃ အဖြစ် ဖွဲ့စည်းရာတွင် မြို့နယ် ပ.က.ဖ ထံမှ သင်တန်းဆင်းရဲဘော်များနှင့်အတူ ပေးအပ်ခဲ့သော MA1 သေနတ် (၂) လက်နှင့်အတူ ၅.၅၆ ကျည် အတောင့်…
Read More
နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာကို ဧပြီလ ၁၉ ရက်နေ့က အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (OPRF - PLA) ရဲဘော်များ (၃) နာရီကျော်ကြာ ထိန်းချုပ်ထားမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင် (၃)သုံးဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို ထိန်းချုပ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက…
Read More
အိန္ဒိယအစိုးရအနေဖြင့် ထောင်အတွင်း သေဆုံးခဲ့ရသူ၏ တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထားသော စစ်ဘေးရှောင်များ အမြန်ဆုံးလွှတ်ပေးရန် အရပ်ဘက်နှင့် တော်လှန်ရေးအစုအဖွဲ့များ တောင်းဆို

အိန္ဒိယအစိုးရအနေဖြင့် ထောင်အတွင်း သေဆုံးခဲ့ရသူ၏ တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထားသော စစ်ဘေးရှောင်များ အမြန်ဆုံးလွှတ်ပေးရန် အရပ်ဘက်နှင့် တော်လှန်ရေးအစုအဖွဲ့များ တောင်းဆို

RNA_မတ်(၂၀)၊၂၀၂၅ခုနှစ်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် မတရားဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဦးအောင်မြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတမှုရရှိရေးနှင့် မဏိပူရ်နှင့် အာသံပြည်နယ်များအတွင်း ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်များ အမြန်လွှတ်ပေးရန် အိန္ဒိယနယ်စပ်တလျှောက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက တောင်းဆိုလိုက်သည်။ အိန္ဒိယနိုင်ငံသို့ စစ်ဘေးတိမ်းရှောင်နေရသော မြန်မာပြည်သူများအား ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်များအား အိန္ဒိယအစိုးရက အမြန်ဆုံး ရပ်တန့်ပြီး၊ စစ်ဘေးဒုက္ခသည်များအား လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန်၊ နေထိုင်ခွင့်ပြုပါရန်နှင့် ဖမ်းဆီးထောင်ချထားသူများအား အမြန်ဆုံး လွှတ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက ယနေ့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။ (more…)
Read More
နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံး

နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၅ ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီ အင်အား (၂၀၀) ခန့်ရှိ စစ်ကြောင်း တိုက်ခိုက်ခံရပြီးဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံးကာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မတ်လ (၉) ရက်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း…
Read More