09
Apr
RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ (more…)