တော်ဝိကျေးရွာ အထိုင်ချထားသော တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာတွင် စစ်ကောင်စီတပ်အင်အား (၅၀) ဖြင့် အထိုင်ချတပ်စွဲထားသော စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တော်ဝိကျေးရွာတပ်စွဲထားသော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၃) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းဆီးရမိကြောင်း၊ ယင်းစခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်းတပ်ရင်း ပူးပေါင်းအဖွဲ့ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားသည့်အတွက် စခန်းသိမ်းရှင်းလင်းစဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ထားသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၂၃ ရက်နေ့က ကျဆုံးသွားသော ရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် ကျော်စွာစစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး စစ်ဆင်ရေးကို ဗျူဟာ (၂၆) ၏ ကွပ်ကဲမှုဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်အကျဆုံးမရှိ ရန်သူ့စခန်းအား အပြီးသက်ချေမှုန်းနိုင်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor