25
Sep
RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၃) ရက် နံနက် (၁၁) နာရီဝန်းကျင်နှင့် ညနေ (၄) နာရီခွဲဝန်းကျင်တို့၌ အင်းတော်မြို့နယ် နောင်မိုးရွာနှင့် စက်တောကုန်းရွာကြား ကားလမ်းပိုင်းကို စစ်အုပ်စုက ဗုံးအလုံးရေ (၄၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ရေးနှင့်သက်ဆိုင်သည့်နေရာမဟုတ်ဘဲ အများပြည်သူ ကုန်ကူးသန်းသွားလာရာနေရာဖြစ်ပြီး မိုးရာသီကာလ လမ်းပိုင်းမြေကျွံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…