K-8 W

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ (more…)
Read More
စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

"ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်" မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း "ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်" ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။ မောင်ဝိ စစ်တပ်ကဘာလို့ စစ်ပွဲတွေမှာ တိုက်တိုင်းရှုံးနေတာလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုလက်ရှိ ဖြစ်ခဲ့တဲ့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးကစပြောရမယ် ထင်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး၊ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိကို စခန်းကြီး၊ စခန်းငယ် ပေါင်း ၉၀ ကျော်၊ တင့်နဲ့သံချပ်ကာ ၆ စီး သိမ်းဆည်းရမိခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျဆုံးစစ်သားတွေလည်း…
Read More