KNU/KNLA

စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

RNA_မေ(၁၅)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တပ်စွဲထားသော တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို KNU တပ်မဟာ (၇) လက်အောက်ခံ K.N.L.A နှင့် K.N.D.O တို့ မေလ (၁၃) ရက်နေ့ ည (၇) နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ဦးသေဆုံးပြီး၊ လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ NUG/MOD၊ PDF၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်အတွင်း KNU တပ်မဟာ(၃) ၏ ပူးပေါင်းပါဝင်မှုဖြင့် ခမရ - ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ (၈) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦးနှင့် မိသားစုဝင် (၇) ဦးဖမ်းဆီးထိန်းသိမ်းရမိကြောင်း၊ တိုက်ပွဲအတွင်းမှ တပ်ရင်းမှူးအပါအဝင်…
Read More
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။   ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောအား သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ (more…)
Read More
တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရ

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်​ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

"လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ" ကေဂျီ - Wiper ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့…
Read More
နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

"အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ" ဧရာဝတီလင်းပိုင် မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်အနေဖြင့် မေလ (၂)ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုး-ကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ…
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ (ဧပြီလ(၁၇)ရက်) နံနက်ပိုင်းက BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင် များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က မိန့်ခွန်းပြောကြားခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

RNA_ဧပြီ(၁၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသည် KNU ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထံသို့ ဧပြီလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက်…
Read More