11
Oct
RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။ (more…)