25
Jun
RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာတွင် စစ်ကောင်စီတပ်အင်အား (၅၀) ဖြင့် အထိုင်ချတပ်စွဲထားသော စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တော်ဝိကျေးရွာတပ်စွဲထားသော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၃) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းဆီးရမိကြောင်း၊ ယင်းစခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်းတပ်ရင်း ပူးပေါင်းအဖွဲ့ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားသည့်အတွက် စခန်းသိမ်းရှင်းလင်းစဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)