RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။ တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်သည် အိမ်ပြန်သည့်နှစ်ဖြစ်သော်လည်း တော်လှန်ရေးအားမကောင်းသည့် ဒေသများအတွက်တော့ ၂၀၂၅ ခုနှစ်မှသာ တော်လှန်ရေးအားကောင်းလာပြီး ကိုယ့်မြို့ကို ပြန်ချဉ်းကပ်နိုင်မည့်နှစ်ဖြစ်သည်။
Tag: ကိုဇေယျာလွင်
-

အတူတကွ ပူးပေါင်းဆောင်ရွက်ပါက စစ်ဆင်ရေးအောင်မြင်မည်
RNA_အောက်တိုဘာ(၃)၊၂၀၂၄ခုနှစ်။
“အဓိကတော့ စစ်ဆင်ရေးတွေ အောင်မြင်ဖို့ဆိုရင် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အပ်ပါတယ်” ဟု 96 Soldiers PDF – အညာတပ်ခွဲ တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောပြထားသည်။
[embedyt] https://www.youtube.com/watch?v=E9-ZX6HzRRw[/embedyt]
Red News Agency
-

96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော
RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။
အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers – PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။

“ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG ကိုလည်းထိခိုက်တယ်။ တော်လှန်ရေးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ် ထုတ်ချင်တိုင်းထုတ် စာတွေထုတ်နေတဲ့ အကျိုးဆက်ကို NUG လည်းထိခိုက်တယ် တော်လှန်ရေးအတွက်လည်း ထိခိုက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုဇေယျာလွင်က ပြောကြားထားသည်။
-

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ
“အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။[embedyt] https://www.youtube.com/watch?v=0KEmerY0w7A[/embedyt]အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။Red News Agency
