အညာဒေသ

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ဗမာ့တပ်တော်အနေဖြင့် စစ်ရေး ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး Red News Agency နှင့်အင်တာဗျူးတွင် ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #RedNews #RNA
Read More
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

RNA_မေ(၃၀)၊၂၀၂၅ခုနှစ်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် မေလ (၂၈) ရက်နေ့ တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသည့်အတွက် မိသားစု၊ တပ်ဖွဲ့ဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ ထုတ်ပြန်ထားသည်။ ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် အသက်ရှိစဥ်အတွင်း နွေဦးတော်လှန်ရေးမှ စတင်၍ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားမှုအပြည့်အဝဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း ရဲဘော်၏ အသက်ကို အဖိနှိပ်ခံပြည်သူလူထုအတွက် ပေးဆပ်ခဲ့ကြောင်း၊ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ရဲဘော်တစ်ဦးအနေဖြင့် လုပ်နိုင်သမျှကို ပြည့်စုံအောင်လုပ်ဆောင်ခဲ့သူဖြစ်သည့်အပြင် ခိုင်မာသော တော်လှန်ရေးခံယူချက်ကို စံနမူနာယူ၍ ရန်သူကိုခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More
လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။ အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။ (more…)
Read More
စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။   အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။ (more…)
Read More
ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။ ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။ အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင်…
Read More
မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။   ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။   ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။ (more…)
Read More
အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။ (more…)
Read More
ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ "တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်" ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။ (more…)
Read More
ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။   ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။   "ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ" ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ (more…)
Read More