မဟာမိတ်တပ်ဖွဲ့

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column - ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။…
Read More
ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။ "စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်" ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More