Tag: မြင်းခြံခရိုင်

  • နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

    နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

    RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ရဲဘော် ပေါက်စ(ခ)စွမ်းထက်အောင်၊ ရဲဘော် တရုတ်လေး(ခ)ရဲနောင်၊ ရဲဘော် လင်းယုန်(ခ)အေးမင်းအောင် နှင့် ရဲဘော်မြွေဟောက်(ခ)ပြည့်ပြည့်မောင်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။

    အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဩဂုတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီး အထိနာသည့်အတွက် နောက်ပြန်ဆုတ်ကာ မြင်းခြံမှ တပ်အင်အားများဖြည့်တင်းပြီး နွားထိုးကြီးမြို့နယ်၊ ကံလျှားရှည်ကျေးရွာ၊ ချင်းယား+လက်သမားကန်ကျေးရွာနှင့် လက်ဝဲ+မြင်းနီကျေးရွာအနောက်ဘက် တောတိုက်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများပူးပေါင်း၍ စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးရပြီး ရဲဘော် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    (more…)

  • နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံး

    နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံး

    RNA_မတ်(၁၁)၊၂၀၂၅ ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီ အင်အား (၂၀၀) ခန့်ရှိ စစ်ကြောင်း တိုက်ခိုက်ခံရပြီးဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံးကာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။

    စစ်ကောင်စီတပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မတ်လ (၉) ရက်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသကထုတ်ပြန်ထားသည်။

    (more…)

  • PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

    PDF ရဲဘော် မိုးကြိုး ဖမ်းဆီးခံရပြီး ကျဆုံး

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger မှ ရဲဘော် မိုးကြိုးသည် တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကာ ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

    (more…)

  • ယနေ့ အတွက် Red News သတင်းများ

    ယနေ့ အတွက် Red News သတင်းများ

    ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။

    Red News Agency

  • မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် PDF ရဲဘော်များ ပြည်သူများနှင့်တွေ့ဆုံ

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။
     
    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
     
    ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)