Tag: ကျားသစ်နက်တပ်မတော်

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

    RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။

    ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း (၂၈) ဓားမဆိုင်း တပ်မတော်၊ တပ်ရင်း (၁၇)၊ တပ်ရင်း ( ၂၉)၊ တပ်ရင်း (၃၉) တို့ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။

    (more…)

  • လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

    လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

    RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် – Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။
     
    ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense Force၊ ဒေါင်းမင်း တပ်ခွဲ (၂) စသည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြေင်း သိရသည်။

    (more…)

  • ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

    ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

    RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ NUG – MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။
    [embedyt] https://www.youtube.com/watch?v=jY1mKK04no8[/embedyt]
    စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး သင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ ပြန်ရောက်လာစဉ် စခန်းသွင်းပြီး ပြန်လေ့ကျင်ခဲ့ကြခြင်း ဖြစ်သည်။
     
    #RedNewsAgency