ယင်းမာပင်ခရိုင်

M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People's Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ M7 People's Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက…
Read More
မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့ထားသည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ #RedNewsAgency #RedNews #RNA
Read More
Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း…
Read More
သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   PDF ရဲဘော်များ ပြည်သူများအပေါ် သစ္စာစောင့်ထိန်းကြရန် လိုအပ်ပြီး သစ္စာစောင့်ထိန်းမှုမပါရှိပါက ခွေးဖြစ်မည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသယင်းမာပင်ခရိုင် ဗျူဟာ(၄၂) လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ကြွရောက်လာသည့် ဆရာတော်က မိန့်ကြားထားသည်။ "သစ္စာစောင့်ထိန်းမှုသာ မရှိဘူးဆိုရင် မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ဒီခွေးတွေဟာ သစ္စာစောင့်ထိန်းမှု ပြည်သူ့အပေါ်မှာ အနိုင်ကျင့်မှု ပြည်သူ့အပေါ်မှာ သတ်ဖြတ်မှု ပြည်သူ့အပေါ်မှာ နှိပ်စက်မှုတွေနော် ဘာမှသစ္စာစောင့်ထိန်းမှုမရှိဘူး။ အဲတော့ မင်းတို့တတွေလည်းပဲ ဒီသစ္စာစောင့်ထိန်းမှုကို မလုပ်ူဘး အားမထုတ်ဘူးဆိုလို့ရှိရင် ငါပြောခဲ့သလို မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ခွေးမဖြစ်ချင်ရင် သစ္စာစောင့်ထိန်းမှု တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်ထိန်းမှုကို ဖြစ်အောင် မကြိုးစားသင့်ဘူးလား" ဟု…
Read More
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ   ခေတ်ငြိမ်းအေး   "စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့"   #RedNewsAgency
Read More
လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် - Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။   ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense…
Read More
ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ NUG - MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။ စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး…
Read More