ပုလဲမြို့နယ်

မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့ထားသည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ #RedNewsAgency #RedNews #RNA
Read More
Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀…
Read More
ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများ ရိက္ခာပြတ်လပ်နေသည့်အတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ရိက္ခာနှင့်လဲလှယ်နေရသည်ဟု သိရသည်။ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၄ နာရီခန့်က သရက်လှကျေးရွာသို့ ရောက်ရှိပြီး ပြည်သူ ၁၅ ဦးနှင့် နွား ၂ ကောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူများကို ရိက္ခာနှင့်လဲလှယ်ခဲ့သည်ဟု ဒေသခံ ရွာသားတဦးက ပြောကြားထားသည်။ (more…)
Read More
ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ယမန်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ထံမှ သိရသည််။ "တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်။တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအားဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသော စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအား မြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့သည်" ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။ (more…)
Read More
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ   ခေတ်ငြိမ်းအေး   "စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့"   #RedNewsAgency
Read More
ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

RNA_ဇွန်(၁၁)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်အထွက်လမ်းများကို အသုံးပြုပြီး ခရီးသွားပြည်သူများ အသုံးမပြုတော့ရန် ၊ မြို့တွင်းရှိစစ်ကောင်စီတပ်များကို ဒေသတွင်းသတင်းအချက်အလက် ဖြတ်တောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လမ်းမရှိ သစ်ပင်ကြီးများလှဲချပြီး ပိတ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပုလဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချနေရာများကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ခရီးသွားပြည်သူများ ပုလဲမြို့အတွင်းကို အဝင်မခံတော့သည်မှာ ပြီးခဲ့သည့် တပတ်အတွင်းလုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ အထွက်ကိုပါ ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ (more…)
Read More
လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် - Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။   ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense…
Read More
ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ NUG - MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။ စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး…
Read More