လက်နက်ကိုင် တော်လှန်ရေး

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်း အနားနှင့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ဧပြီလ (၂၇) ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၂ နှစ်ပြည့် အခမ်းအနားနှင့် သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်းတပ်သားစစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် နောက်ချန် အရံတပ်ရင်း၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်းသုံးကြောင်းဖြင့် ချီတက် အလေးပြုခဲ့ကြကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ် ကျော်ကိုကို (၁၅.၆.၂၀၂၀) ကျနော်တို့ဆီမှာ အတော်ညံစီနေတဲ့ အငြင်းအခုန်တခုကို တွေ့နေ၊မြင်နေ၊ကြားနေရပါတယ်။ဒီဇာတ်လမ်းက အမေရိကမှာ လူမည်းတွေရှင်သန်ရပ်တည်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ဒီကလူငယ်အချို့က လှုပ်ရှားမှုပြုလုပ်လာတဲ့ ကမ်ပိန်းတခုကနေ စခဲ့တာလို့ ပြောရပါလိမ့်မယ်။”Don’t Call me K- words” ငါ့ကို ကကြီးလို့ မခေါ်နဲ့ ဆိုတဲ့ လှုပ်ရှားမှုပါ။ရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတခုကို ရခိုင်လူငယ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။အခု…
Read More