Tag: ရေစကြို

  • စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

    စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

    RNA_ဇူလိုင်(၁၇)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်နေသည့်အတွက် မီးသတ်နေစဉ် လက်နက်ကြီးထပ်မံပစ်ခတ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို(ပ.က.ဖ)မှ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (အသက်၂၀ နှစ်)နှင့် ဇနီးဖြစ်သူ မသဇင်ဝေ ( အသက်၂၄နှစ်)တို့အပြင် CDMကျောင်းဆရာမ မနွေဦးမေ (အသက် ၃၁ နှစ်)၊ ကမ္ဘဲ့ကျေးရွာတွင်နေထိုင်သူ မောင်ရှင်းလင်းကို ( အသက်၁၇နှစ်) တို့ ကွယ်လွန်ခဲ့ရသည်ဟု သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁) ဦးကျဆုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁) ဦးကျဆုံး

    RNA_မေ(၁)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၈ မှထွက်လာသော အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉) ရဲဘော်များက ဧပြီလ ၂၉ ရက်နေ့က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ဒဏ်ရရာရှိခဲ့ပြီး ရေစကြို ပ.က.ဖ ခွဲမှူးရဲဘော် (၁) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။

    (more…)

  • ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

    ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

    RNA_မတ်(၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး (၈) ရက်အကြာစစ်ရေးတင်မာမှုအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger (MBT) ဌာနချုပ်စခန်း စွန့်ခွါလိုက်ရပြီဖြစ်ကြောင်း သိရသည်။

    “မတ်လ ၅ရက်နေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မိမိတပ်အနေဖြင့် ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ၏ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် မိမိတို့ ဌာနချုပ်တပ်စခန်းအား ရန်သူ့ထံဆုံးရှုံးခဲ့ရသော်လည်း ၎င်းတိုက်ပွဲတွင် ရန်သူ (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့သည့်အတွက် မိမိတို့တပ်အနေဖြင့် ကျေနပ်မိသည်” ဟု Myingyan Black Tiger က ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အခြေချလှုပ်ရှားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger အနေဖြင့် မြင်းခြံခရိုင်အတွင်း လွတ်မြောက်နယ်မြေရရှိရေး ကြိုးပမ်းနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=7srwNBh569A[/embedyt]

    #RedNewsAgency #REDNEWS #RNA #MBT

  • ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ
    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။
     
    ရွှေကုက္ကိုက တရုတ်များ စက်သုံးဆီကို ရသလောက်ဝယ်ယူနေကြောင်း၊ တေးရေးဆရာ နိုင်မြန်မာအား ရည်စူးပြီး ကုသိုလ်ပြုလုပ်ပွဲ၊ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရမှု သတင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ကာစီနီုလောင်းကစား ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည့် သတင်းစသည်တို့ကို တင်ပြထားသည်။
     
    #RedNewsAgency #RNA #rednews
  • မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

    သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

    RNA_နိုဝင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါ်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီလက်အောက်ခံ (၅၀)ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်နေ့ က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=PIKjyuKWLX0[/embedyt]

    #RedNewsAgency #RNA #REDNEWS #AhNyar

  • ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
     
    “ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TVjrW5PuBlA[/embedyt]
    Red News Agency

  • မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

    မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

    RNA_မေ(၇)၊၂၀၂၄ခုနှစ်။
     
    ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
     
    “ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။
    [embedyt] https://www.youtube.com/watch?v=GtyYML7b0Gk[/embedyt]
    MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်း ရေစကြိုမြို့နယ် စသည့် နယ်မြေများအတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိရပြီး လက်တလောအခြေအနေတွင် “မြို့ပြဆီသို့” ကမ်ပိန်းပြုလုပ်နေပြီး ခဲယမ်းများဝယ်ယူနေကြောင်း၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
     
    “မြို့ပြဆီသို့” ကမ်ပိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် ပြည်သူများအနေဖြင့် MBT တပ်ဖွဲ့၏ လူမှုကွန်ရက် https://www.facebook.com/MyingyanBlackTiger တွင်လည်းစုံစမ်းနိုင်ကြောင်း သိရသည်။
     
    #RedNewsAgency

  • စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    RNA_ဧပြီ()၊၂၀၂၄ခုနှစ်။ 

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=XjKxp1k2OnM[/embedyt]

    စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။

    #RedNewsAgency