23
Oct
RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်နယ်မြေအတွင်း၌ ကျင်းပခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၉၇၁၁) တပ်ဖွဲ့၏ လက်နက်တပ်ဆင်ခြင်းကို အခမ်းအနားကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က ယနေ့ (အောက်တိုဘာ ၂၃ ရက်) သတင်းထုတ်ပြန်ထားည်။ PDF စစ်ရုံးချုပ်၏ သတင်းထုတ်ပြန်ချက်အရ အမှတ် (၉၇၁၁)လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို NUG အုပ်ချုပ်ရေးနယ်မြေအတွင်း၌ ကျင်းပခဲ့သည်ဟုသာ ဖော်ပြထားပြီး နေရာဒေသကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ ယင်းအခမ်းအနားသို့ NUG MOD မှ ဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များအား ဂုဏ်ပြုဦးညွှတ်ခြင်း၊ အမှာစကားပြောကြားခြင်းနှင့် ရဲဘော်များအား တာဝန်ရှိသူများက လက်နက်တပ်ဆင်ပေးခြင်းတို့ကို…