MDY-PDF

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ယနေ့ (၁၆) ရက်မြောက်နေ့တွင် စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက် သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် မြို့ပေါ်အထိ PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားနိုင်ခဲ့သော်လည်း မြို့အနီးဝန်းကျင်ရှိစခန်းများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ် (၃) နာရီခန့်က နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန် တပ်စခန်း ဒုံးတရ (၆၀၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။ (more…)
Read More
စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ

စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ

RNA_ဇူလိုင်(၉)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ချအလင်းဝင်သော ပသစ (ပျူ) တပ်ဖွဲ့များလည်းရှိကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ (more…)
Read More
မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

"ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်" ချမ်းမင်း - Wiper ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။ တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က…
Read More
ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

"NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်" မောင်ဝိ - Wiper ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ…
Read More
မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

"နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်" ကေဂျီ - Wiper တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြည်နယ်အသီးသီးက အားကောင်းတဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ကျွန်တော်တို့လို တော်လှန်ပြည်သူအားလုံးကို များစွာကျေနပ်အားရစေမှာ ဖြစ်ပါတယ်။ ဒီလို အားရကျေနပ်မှုတွေထဲမှာမှ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ပါဝင်လာခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် - MDY PDFနဲ့ မဟာမိတ်တပ်တွေရဲ့…
Read More
မတ္တရာမြို့နယ်အတွင်းမှ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် (၈) ခုကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

မတ္တရာမြို့နယ်အတွင်းမှ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် (၈) ခုကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

RNA_ဇူလိုင်(၂)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦးရှိပြီး၊ တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထးသည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။…
Read More
PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More
ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More