မြို့သိမ်းတိုက်ပွဲ

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army - SNA)တို့က ဖေဖော်ဝါရီ (၈) ရက်နေ့က ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်း SNA တပ်မဟာ ၆၁၄ က အသိပေးထားသည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ရဲဘော် (၆) ဦးကျဆုံးခဲ့ရသည်။ (more…)
Read More
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ခဲ့ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ အကြမ်းဖက်စစ်ကော်မရှင်တပ်လက်အောက်ခံများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သိရသည်။ (more…)
Read More
နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။ ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။ (more…)
Read More
မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။   ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။   ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။ (more…)
Read More
အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း (၅၀၉ ၊ ၅၁၀ ၊ ၅၁၂ )၊ ပြင်ဦးလွင် ရင်း ၁၊ ရင်း ၂ မှအောင်ပွဲရ ရဲဘော်များ သင်္ကြန်ကာလအတွင်း မိခင်းတပ်ရင်းထံပြန်သည့် လမ်းတစ်လျှောက်မှ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု PDF - 512 က ယနေ့ အသိပေးထားသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။ (more…)
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ချင်းညီနောင် Operation CB ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်များရိုက်ကူးထားသော မြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အတွက် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ "တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်" ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။ (more…)
Read More