တိုင်းဒေသကြီးလွှတ်တော်

လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးများတွင်လည်း ပါဝင်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးအတွက် ပေးဆပ်သွားသူဖြစ်သည့်အတွက် လေးစားဂုဏ်ယူရသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက် ၄၅ နှစ်)သည် ဧပြီလ (၂၇) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဧပြီလ (၂၈) ရက်နေ့မှာ အမိန့်ပြန်ခြင်း၊ အာဇာနည်အဖြစ် ရဲဘော်များက အလေးပြုခြင်းစသည် အခန်းအနား တို့ကိုပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊…
Read More
NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

ဒီလိုင်း - ရိုက်ကူး ”ကျွန်တော်တို့ထိန်းညှိ့ရပါတယ်၊ပြီးတော့ကျွန်တော်တို့NLDကကြီးစိုးတဲ့လွှတ်တော်လည်းဖြစ်တဲ့အခါကြတော့အစိုးရနဲ့လွှတ်တော်ကြားမှာ အားလုံးအဆင်ပြေတယ်၊ကျွန်တော်တို့လွှတ်တော်မှာတင်ပြလိုက်တဲ့ဟာတွေ၊ကော်မတီရဲ့ကွင်းဆင်းဆောင်ရွက်မှုတွေ၊နောက်ဆုံးပိတ်လွှတ်တော်ရဲ့တိုင်ကြားစာမှုတွေ၊အစိုးရကလွှတ်တော်ကတင်ပြတဲ့အတိုင်းအကောင်အထည်ဖော်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောပါတယ်။Red News Agency
Read More