စစ်ကောင်စီတပ်စခန်း

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော…
Read More
စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။   ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။   ၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂…
Read More
ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

RNA_ဒီဇင်ဘာ(၅)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားသည့် ပလက်ဝမြို့နယ်ရှိ "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကို ရက္ခိုင့်တပ်တော် - AA က ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ( ဒီဇင်ဘာ ၅ ရက်) နေ့လယ် ၁ နာရီ ဝန်းကျင်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကြီးတစ်ခုလုံးအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးချိန်တွင် စစ်ကောင်စီလက်အောက်ခံ အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။…
Read More
မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းကို နံနက် ၈ နာရီတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ််ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံး ၁၅ လောင်းတွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ (more…)
Read More
ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁) တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ရာ မိနစ် (၂၀) အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ ထွက်ပြေးကြကြောင်း၊ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းစဉ် ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊…
Read More
ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ…
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ Red News Agency
Read More
စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။   ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။   #RedNewsAgency
Read More
ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ "မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး"ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။…
Read More
ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ…
Read More