Tag: ဗိုလ်မိုက်ခဲ
-

ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော
RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။“ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ” ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ -

ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ
RNA_မတ်(၆)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး (၈) ရက်အကြာစစ်ရေးတင်မာမှုအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger (MBT) ဌာနချုပ်စခန်း စွန့်ခွါလိုက်ရပြီဖြစ်ကြောင်း သိရသည်။
“မတ်လ ၅ရက်နေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မိမိတပ်အနေဖြင့် ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ၏ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် မိမိတို့ ဌာနချုပ်တပ်စခန်းအား ရန်သူ့ထံဆုံးရှုံးခဲ့ရသော်လည်း ၎င်းတိုက်ပွဲတွင် ရန်သူ (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့သည့်အတွက် မိမိတို့တပ်အနေဖြင့် ကျေနပ်မိသည်” ဟု Myingyan Black Tiger က ထုတ်ပြန်ပြောကြားထားသည်။
-

လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger
RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အခြေချလှုပ်ရှားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger အနေဖြင့် မြင်းခြံခရိုင်အတွင်း လွတ်မြောက်နယ်မြေရရှိရေး ကြိုးပမ်းနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=7srwNBh569A[/embedyt]
#RedNewsAgency #REDNEWS #RNA #MBT
-

မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့
RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
-

ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်
RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။“ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=TVjrW5PuBlA[/embedyt]Red News Agency -

စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော
RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=cO6pzgg9H0I[/embedyt]Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် မေလ ၂၁ ရက်နေ့မှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။#RedNewsAgency -

စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော
RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၄ ခုနှစ်။
“ကျွန်တော်အမြင်ပြောရမယ်ဆိုရင် စကစရဲ့ဘဝက ဆုပ်လဲစူး စားလဲရူးဆိုတဲ့ ဘဝရောက်နေပြီ။ သေချာတခုကတော့ ဒီကောင်စစ်ရှုံးနေပြီ စစ်ရှုံးတဲ့ အရသာကို သူတို့ခံစားဖူးပြီ စစ်ရှုံးတဲ့အရသာ သိပ်ကိုကြောက်စရာကောင်းပါတယ်” စသဖြင့် အညာရဲ့တော်လှန်ရေးအခြေအနေနှင့် လက်တလောအနေအထားများကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=8rwS5ebkSbM[/embedyt]
Red News Agency
-

“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“
“ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။[embedyt] https://www.youtube.com/watch?v=yOLsBVpYpf8[/embedyt]စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။#RedNewsAgency