ရန်ကုန်တိုင်း

အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု…
Read More
စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။   မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။ စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀)…
Read More
ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

RNA_စက်တင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇) ရက်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ချီတာစစ်ဆင်ရေး (Cheetah Operation) အဖြစ် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) ရဲဘော်များက စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။ တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။ Red News Agency
Read More
သမီးဖြစ်သူထံ ထောင်ဝင်စာသွားပို့သည့်မိခင် ထောင်ဝမှာကွယ်လွန်

သမီးဖြစ်သူထံ ထောင်ဝင်စာသွားပို့သည့်မိခင် ထောင်ဝမှာကွယ်လွန်

RNA_ဧပြီ(၁၀)၊၂၀၂၄ ခုနှစ်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မပန်းအိခင်ထံ ဧပြီလ (၈) ရက်နေ့က ထောင်ဝင်စာသွားပို့သည့် မိခင် ဒေါ်ကြည်ညွန့် ( အသက် - ၆၇ နှစ်) ထောင်ဝင်စာပို့ရန် စောင့်ဆိုင်းနေစဉ် ကွယ်လွန်သွားကြောင်း သိရသည်။ သာယာဝတီထောင်ရှေ့ကို ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က ရောက်ရှိချိန်တွင် မိသားစုဝင်တစ်ဦးသာ ထောင်ဝင်စာ တွေ့ခွင့်ရသည့် အတွက် မိခင်ဖြစ်သူမှ ကားပေါ်နေခဲ့စဉ် မပန်းအိခင် ညီမဖြစ်သူ ထောင်ဝင်စာတွေ့ရှိရန် လွှတ်လိုက်ကြောင်း၊ မပန်းအိခင်နှင့်ညီမဖြစ်သူ ထောာင်ဝင်စာတွေ့ပြီး ပြန်လာချိန် ကားပေါ်မှာရှိသည့် မိခင်မှာ ကွယ်လွန်နေပြီဖြစ်ကြောင်း သိရသည်။ (more…)
Read More
မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးဆိုသည့် ရန်ကုန်တိုင်း၊ မှော်ဘီတပ်နယ်ရှိ တပ်ရင်းတချို့ကို ရခိုင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း မှော်ဘီတပ်နယ်ရှိ တပ်မိသားစုတချို့ထံမှ သိရသည်။ မင်းအောင်လှိုင်၏ ခရီးစဥ်တော်တော်များများကို လုံခြုံရေးယူပေးခဲ့ရသည့် မှော်ဘီနှင့် တိုက်ကြီးမြို့နယ်ရှိ တပ်ရင်းများထဲမှ အင်အားဆွဲယူကာ ရခိုင်ပြည်နယ်သို့ စေလွှတ်မည့်သတင်းများ ပြန့်နှံ့နေသည်ဟု တပ်မိသားစုဝင်တဦးက ပြောသည်။ "တပ်တခုလုံးတော့ ပြောင်းရတာမဟုတ်ဘူး။ ဒီတပ်ရင်းက ၂၀၊ ၃၀ မျိုး ထုတ်ယူတာ။ ရခိုင်နဲ့ ပလက်ဝဘက်မှာ စစ်ဆင်ရေးဝင်ရမယ်တဲ့။ ရင်းမှူးတွေ တိုင်ပင်နေကြတယ်။ တပ်ချုပ်ရဲ့ လုံခြုံရေး လိုက်ပေးရတာလည်း ရှိနေသေးတော့။ သံချပ်ကာတပ်က အင်အားတွေပါ ယူမယ်ကြားတယ်" ဟု အဆိုပါတပ်မိသားစုဝင် အမျိုးသမီးတဦးက ပြောသည်။…
Read More
လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီ နောင်ရိုး ရန်ကုန်လေဆိပ်ရဲ့ လုံခြုံရေး အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို Urban Owls မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရဲခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်းလေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်လို့သူနဲ့အပတ်စဉ်တူတွေကတော့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးကြီးတွေဖြစ်နေကြပါပြီ။ လေတပ်ကနေ ပင်စင်ယူတဲ့အချိန်မှာ အကြောင်းတခုခုကြောင့် အရပ်ဘက်ကို အသွင်ပြောင်းတဲ့အခါ ရာထူးအဆင့်အတန်းအလိုက် အရပ်ဘက်လေဆိပ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ နေရာရတတ်ကြတယ်။ တပ်မှာတာဝန်ထမ်းစဉ်က သာဓကအနေနဲ့ လေယာဉ် Airframe ဌာနက အရာရှိတယောက်…
Read More
ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စစ်ရေးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ ရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။ (more…)
Read More
မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေး နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးများဆင်နွှဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော် (၈၀) ကျော်ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁,၀၀၀) ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင်…
Read More