ချင်းပြည်နယ်

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။   ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။   ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။ (more…)
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ချင်းညီနောင် Operation CB ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်များရိုက်ကူးထားသော မြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အတွက် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။   ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။   "ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ" ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ (more…)
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့ရပြီး ရဲဘော် (၃) ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရဲဘော် (၃၀) ခန့်ရှိသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Red News Agency ကို ပြောသည်။ (more…)
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ (more…)
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့်အတူ ယောဒေသတော်လှန်ရေးတပ်၊ Yaw Army နှင့် မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အာရက္ခတပ်တော်၏ စစ်ရေး၊ စစ်လက်နက်စသည့် အကူအညီများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉)…
Read More
စစ်ကောင်စီကင်းစင်သော ချင်းပြည်နယ် ဖြစ်ရေးအတွက် မြို့သိမ်းရန် (၃) မြို့သာကျန်ရှိ

စစ်ကောင်စီကင်းစင်သော ချင်းပြည်နယ် ဖြစ်ရေးအတွက် မြို့သိမ်းရန် (၃) မြို့သာကျန်ရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရန် ဟားခါးမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့တို့သာ ကျန်ရှိတော့ပြီး ဖမ်းလမ်းမြို့သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ တပ်စခန်းတစ်ခုကို ချင်းညီနောင်နှင့်မဟာမိတ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။ "ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာ ခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ ပြောလို့ရမယ်။ တီးတိန် ထန်တလန် ဟားခါးကတော့ ကျန်နေ သေးတယ် ဖလမ်းကလည်း ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တယ်၊ ကျန်နေရာတွေက စစ်ကောင်စီ ကင်းစင်သွားပြီ" ဟု ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီချုပ် ဆလိုင်းထန်းချွန်းဖေက ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ (more…)
Read More