Tag: လွှတ်တော်ကိုယ်စားလှယ်
-

ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ
RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။ပြည်သူများ၏ ဆန္ဒမပါသော ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်အောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်က၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပွဲခွဲကာ ကျင်းပခဲ့ပြီးနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ဦးနန္ဒကျော်စွာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ -

ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။
ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။
ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။
-

လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်
RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးများတွင်လည်း ပါဝင်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးအတွက် ပေးဆပ်သွားသူဖြစ်သည့်အတွက် လေးစားဂုဏ်ယူရသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက် ၄၅ နှစ်)သည် ဧပြီလ (၂၇) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဧပြီလ (၂၈) ရက်နေ့မှာ အမိန့်ပြန်ခြင်း၊ အာဇာနည်အဖြစ် ရဲဘော်များက အလေးပြုခြင်းစသည် အခန်းအနား တို့ကိုပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
-

အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု
အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု
ရိုက်ကူး-ဒီလှိုင်း မင်းဘူး၊ ဖေဖော်ဝါရီ ၁၀ ရက်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လွှတ်တော်ကိုယ်စားလှယ်များသည် အမြဲတမ်း ပြည်သူနှင့် တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြုကြောင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) မင်းဘူးမြို့ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို ပြောကြားခဲ့သည်။ [embedyt] https://www.youtube.com/watch?v=nnUhIqfW96s[/embedyt]
Red News Agency