မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

[embedyt] https://www.youtube.com/watch?v=q-s3gz0MRGA[/embedyt]

စစ်ကောင်စီ၏ တပ်စခန်းများ ၂၀၂၄ ခုနှစ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ ခုခံစစ် (၁၁)ကြိမ်၊ မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် ပြုလုပ်နိုင်ခဲ့သည်ဟု Myingyan Black Tiger (MBT) ကထုတ်ပြန်ကြေညာထားပြီး၊ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးရည်မှန်းချက် ပြောကြားထားမှုနှင့် တိုက်ပွဲ ရုပ်သံအချို့ကို ပြန်လည်တင်ပြလိုက်ပါသည်။

#RedNewsAgency