“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်”
Tag: တော်လှန်ရေး
-

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်
ရန်နိုင် – Wiperမင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်တပ်ပဲဆိုတာ ပြည်သူတွေ ထင်ထင်ရှားရှား သိလာကြတယ်။ အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အမှိုက်တခုလို ဖြစ်နေပြီ ဆိုတာကို ရှင်းရှင်းလင်း သိလိုက်ကြရတယ်။ သမိုင်းတလျှောက် နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ လုံးဝကင်းစင်သွားဖို့ လိုအပ်နေပြီဆိုတာကို တနိုင်ငံလုံးက လက်ခံလိုက်ကြပြီ။“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” လို့ မြန်မာ့နိုင်ငံအရေး စစ်ရေးအနေအထား တွေကို တစိုက်မတ်မတ်အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်က ဒီဗီဘီ သတင်းဌာနမှာ ဆွေးနွေးဖော်ပြထားခဲ့တယ်။ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တစ်စုရဲ့ မြန်မာ နိုင်ငံရေးမှာ အမှိုက်တခုဖြစ်နေပြီဆိုတာကို နိုင်ငံရေးလေ့လာသူတွေတင်မဟုတ်ပဲ ပြည်သူတွေအားလုံးပါ သိနေကြပြီ။ စစ်တပ်မရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတာကြောင့် အချိန်ကြာလေ စစ်တပ်အတွက် လုံးပါးပါးလာတဲ့ အခြေနေတခုကိုရောက်နေရပြီ။ -

တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ
“လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်”
ခေတ်ငြိမ်းအေး
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့” ယောသူတယောက်က အာဏာသိမ်းစတုန်းက သူ့တွေးမိပုံကို ပြောပြတာ ဖြစ်ပါတယ်။“နိုင်ငံရေးဆိုတာ သေချာနားလည်မနေဘဲ သူများတွေလုပ်သလို လိုက်လုပ်နေတဲ့သဘောပဲ။ ပထမဆုံး နေပြည်တော်က မြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အချိန်ကျတော့ နိုင်ငံရေးကို လူငယ်တွေ အသက်ပေးလုပ်နေကြတာ စပြီးသတိထားမိတာပဲ” လို့ ထပ်ပြောပြသေးတယ်။သူမတို့ရဲ့ ရွာက ထီးလင်းနယ်မှာရှိပြီး ထီးလင်းဆိုတာက တမြို့နယ်လုံး တောင်ဆင်း၊ တောင်တက်တွေနဲ့ စိမ်းစိုစို သဘာဝရှုခင်းတွေနဲ့ နေ့ချင်စဖွယ်အရပ်ဒေသတခုဖြစ်တယ်။ တောထဲက သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ ခြေတံရှည် သစ်သားအိမ်ကလေးတွေနဲ့ တောင်ကျချောင်းက လာတဲ့ရေကို သောက်သုံးကြတဲ့ ပကတိဖြူစင်ကြတဲ့ ယောသူ၊ ယောသားတွေပေါ့။ စိုက်ပျိုးရေးကိုပဲ အဓိကအားထားပေမယ့် စပါးကိုပင် ကိုယ့်အိမ်နဲ့ကိုယ် စားလောက်ရုံလောက်သာ စိုက်နိုင်ကြတဲ့ နေရာတခုဖြစ်တယ်။ လှပပြီး ရိုးရှင်းကြတာနဲ့အပြိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ကြတယ်။
-

ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ
“NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်”
မောင်ဝိ – Wiper
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၅ လက်နက်ချတယ်၊ ခမရ ၁၁၄ ကိုသိမ်းပိုက်တယ်။လက်ကျန် ဒုံးတပ် ၆၀၆ ကိုအပြီး သတ်ချေမှုန်းနေတာတွေ့တယ်။
အခုလို တပ်ရင်းတွေကို ရက်ပိုင်းအတွင်းတိုက်ပြီး၊ တပ်ရင်းတွေကို ခနအတွင်း သိမ်းနိုင်တယ်ဆိုတာ မဟာမိတ်တပ်တွေရဲ့အကူအညီများစွာပါတယ်ဆိုတာ သိစေလိုပါတယ်။ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေကိုကြည့်ရင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ အလယ်ပိုင်းက လူငယ်တွေဖြစ်တဲ့ မန္တလေး PDF တပ်တွေ ဖြစ်တာတွေ့ရတယ်။ နောက်ထပ်လည်း မဟာမိတ် တပ်တွေရှိပါသေးတယ်။ အခုလို မဟာမိတ်တပ်တွေ ပေါင်းစပ်လုပ်ကိုင်တဲ့အတွက် စစ်ရေးကအရှိန်အဟုန်နဲ့ တိုးတက်တာ မြင်တွေ့ရတယ်။
ပေါင်းစပ်ညှိနှိုင်းခြင်းကြောင့် မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး တိုက်ပွဲတွင် အားသာချက်ရရှိနိုင်ခြင်း၊ အတူတကွရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်သောကြောင့် ကူညီမည့်စိတ်ရှိမှုနဲ့ ယုံကြည်မှုကို တိုးတက်စေခြင်း၊ စုပေါင်းညီညာသောအဖွဲ့သည် ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေများကို အရှိန်မြန်စွာ ပြောင်းလဲနိုင်ခြင်း၊ အဖွဲ့ဝင်များရဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုကြောင့် အကြံဉာဏ်များကောင်းမွန်ပြီး အရေးပေါ်အခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုး ကျေးဇူးတွေရလာတာကို မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မန္တလေးPDF ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်သိနိုင်တယ်။
-

စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်”
နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊ ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း အမျိုးသမီးများရဲ့ စီမံခန့်ခွဲမှုတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
နောက်တခုက စစ်ပွဲအတွင်းမှာဖြစ်စေ၊ အခြားသော ဘဝရပ်တည်ရေးဖြစ်စေ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းမှာ မိသားစုတွေအတွက် အဓိကစောင့်ရှောက်သူတွေအဖြစ် အမျိုးသမီးတွေပရဲ့ အခန်းကဏ္ဍ ရှိနေပြီး လူမှုအသိုင်းအဝိုင်းမှာ ကူညီမှု၊ မေတ္တာတရား၊ သံယော ဇဉ်တွေကို လှုံ့ဆော်ပေးပါတယ်။ တော်လှန်ရေးရဲ့ အဓိက အသားတင်ချက်တွေဖြစ်တဲ့ ခံနိုင်ရည်ရှိမှု၊ စည်းလုံးမှုတွေကို အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းက ထောက်ပံ့ပေးပါတယ်။
လက်ရှိတော်လှန်ရေးအတွင်းမှာဆိုရင် လက်ညှိုးထိုးမလွဲတဲ့ အမျိုးသမီး ဦးဆောင်သူတွေကို မြင်တွေ့ရတယ်။ မှတ်မှတ်ရရဆိုရင် “နှမ်းတစ်စေ့တည်းနဲ့ ဆီဖြစ်မလား၊ ရေကာတာတစ်ခု ကျိုးပေါက်ဖို့အတွက် အက်ကြောင်းတစ်ခုပဲလိုတယ်” လို့ ကိုယ်ကျင့်တရားပျက် လူ့အဖွဲ့အစည်းတွေကို ၂၀၂၀ ခုနှစ်က တည်းက ထောက်ပြခဲ့ဖူးတဲ့၊ လက်ရှိ NUG ရဲ့ ဒုဝန်ကြီး အိသဥ္ဇာမောင်တို့လို။ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်နက်ကိုင်ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ “ဟန်နီနွေဦး” တို့အပြင်၊ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေ လက်ညှိုးထိုးမလွဲပါပဲ။

-

သူငယ်ချင်းထံ ပေးစာ
“ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
**************************
သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။
တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။

-

သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….
“တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ”
ရန်နိုင်
နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။
တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကိုဇေယျာသော်ကို ကွပ်မျက်လိုက်တယ်။ ဒါပေမယ့်လည်း စစ်ကောင်စီမျှော်လင့်သလို မြို့ပြပြောက်ကျားအဖွဲ့က ရပ်တန့်မသွားပဲ ပိုတိုးပြီးအားကောင်းနေဆဲ။ တစ်ဦးတစ်ယောက် ဦးဆောင်မှုနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေခြင်းမဟုတ်တာကြောင့် တော်လှန်ရေးက ဆက်လက် အားကောင်းနေမှာပဲဖြစ်တယ်။
သပိတ်အင်အားစုတွေကိုလည်း စစ်တပ်က စစ်ရာဇဝတ်မှုဆန်ဆန် အကြမ်းဖက်သတ်ဖြတ်နေပေမယ့် ခုချိန်ထိ ရပ်တန့်မသွားသည်က အားလုံးမှာဦးဆောင်နိုင်စွမ်းရှိတဲ့ သက်သေတွေပဲဖြစ်တယ်။ အကြမ်းဖက် စစ်တပ်က ဘယ်လိုပဲနှိမ်နင်းပါစေ ဦးဆောင်သူအသစ်အသစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အားကောင်းနေဆဲပဲဖြစ်တယ်။
တော်လှန်ရေးအစကတည်းက မြေပြင်တိုက်ပွဲတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် အချို့ကျဆုံးခဲ့ပေမယ့် တိုက်ပွဲတွေက ရပ်တန့်ဖို့အချိန်ပင်မရှိခဲ့ပေ။ ကရင်ပြည်နယ်မှာလည်း ကျဆုံးခေါင်းဆောင်တွေ ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေကအောင်မြင်မှုတွေနဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်လာဆဲဖြစ်တယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေသာ တခုပြီးတခု ဆုံးရှုံးနေသပြီး အလံဖြူလက်နက်ထောင်သူတွေနဲ့ ဖရိုဖရဲဖြစ်လာနေတယ်။
-

KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်
RNA_ဧပြီ(၁၂)၊၂၀၂၄ ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA နှင့်အတူ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများ ကြည့်ရှုနားဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။[embedyt] https://www.youtube.com/watch?v=gS0seo4iteg[/embedyt]#RedNewsAgency -

ဘာသာရေး အခြေမခံတဲ့ နွေဦးတော်လှန်ရေး
“ဘာသာရေးကနေလည်း မသွေဖွယ်အောင် တော်လှန်ရေးလုပ်ငန်းများလည်း မစွန့်လွှတ်ရလေအောင် ကြိုးစားနေထိုင်နိုင်ခဲ့ရသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖေးမကူညီပေးခဲ့တာတွေ”
ရန်နိုင်
မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်းမှာ မြေပေါ်မြေအောက် ပူးပေါင်းပါဝင်နေဆဲဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များဟာ အခက်ခဲမျိုးစုံနဲ့ ရှေ့ဆက်နေသလို တော်လှန်ရေးညီကို မောင်နှမများက ရင်းရင်းနှီးနှီး ဖေးမကူညီတတ်ခြင်းကြောင့်လည်း (၃) နှစ်ကျော်ကြာ တော်လှန်ရေးကာလရောက်လာတဲ့အထိ ကွဲပြားတဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့အတူ အာဏာရှင်ကို အတူတကွတိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်တယ်။
ဘာသာမတူသူတွေဖြစ်ပေမဲ့ အစ္စလာမ်ဘာသာဝင်တွေက ကူညီပေးမှုတွေအဖြစ် နာဂစ်ကာလမှာ ရန်ကုန်မြို့တွင်း ဗလီများက ရပ်ကွက်အတွက် သုံးရေများကို လိုက်လံ ဖြည့်ပေးခဲ့တာတွေ၊ ကိုဗစ်ကာလမှာလည်း နွယ်အေးဗလီက ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်အိုးတွေကို အခမဲ့ကူညီပေးခဲ့သလို၊ အခြေခံစားသောက်ကုန်တွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့တယ်။
အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ဦးကိုနီလို ဥပဒေပညာရှင်တယောက်ကလည်း ၂၀၀၈ ခြေ/ဉ ရဲ့ အားနည်းချက်တွေကို အားလုံးနားလည်နိုင်အောင် ဖေါ်ထုတ်ပေးနိုင်ခဲ့တယ်။ ဦးကိုနီက စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ မြင့်မြတ်စွာ အသက်ဆုံးရှုံးခဲ့ရပေမယ့် မြန်မာ့လူမျိုးတို့ရဲ့စိတ်မှာ တန်ဘိုးဖြတ်မရတဲ့ အစ္စလာမ်ဘာသာဝင် ဥပဒေပညာရှင် တယောက် ဖြစ်ပါတယ်။ အချုပ်မကြောက်၊ ထောင်မကြောက် အသက်သေခံရမည်ကို ဂရုမစိုက်ပဲ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တယောက် ဖြစ်တယ်။ ကိုးကွယ်တဲ့ဘာသာ မတူပေမယ့် တိုင်းပြည်အပေါ် တိုးတက်ပြောင်းလဲ စေချင်တဲ့ ဆန္ဒအတူတူ ရှိကြသူများဖြစ်တယ်။
-

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး
RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် – AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။
-

စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော
RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။“နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။