Tag: လူထုတော်လှန်ရေး

  • ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

    ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

    RNA_ဩဂုတ်(၈)၊၂၀၂၄ ခုနှစ်။
    အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးလိုက်သော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနား ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့စဉ် မှတ်တမ်းရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။
    “တန်ဖိုးတွေအတွက် လူ့ဂုဏ်သိက္ခာအတွက်တော့ လိုအပ်ရင် အဲသလို ရင်ဆိုင်တက်တယ် တိုက်ပွဲဝင်ရဲတယ်ဆိုတာကိုတော့ နှောင်းလူတို့သိပါစေ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ကျောက်တိုင်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    (more…)

  • ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    “ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်”

    ရန်နိုင် – Wiper

    ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။ မိမိရဲ့အခြေနေသာ သိပြီး ရန်သူ့အခြေနေကို မသိခြင်းက စစ်ပွဲနိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်သူ့အခြေနေကိုသာ သိပြီး မိမိအခြေနေကို မသိရင်လည်း စစ်ပွဲနိုင်ဖို့မဖြစ်ဘူးလို့ ဖော်ပြထားတယ်။ ဆွန်ဇုရဲ့အတွေးခေါ်တွေ ခုချိန်ထိ မှန်ကန်နေဆဲ ဆိုတာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

    မိမိကိုယ်ကိုအထင်ကြီးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ တနိုင်ငံလုံးကို စစ်တိုက်ဖို့ စိန်ခေါ်လိုက်တယ်။ လက်နက်မဲ့တဲ့ ပြည်သူတွေကို စစ်အင်အားအပြည့်အစုံရှိနေတဲ့ သူရဲ့စစ်တပ်က အနိုင်ရမှာပဲလို့ အပိုင်တွက်ခဲ့တယ်။ အာဏာသိမ်းမယ်၊ အကြမ်းဖက်သတ်ဖြတ်ပြလိုက်မယ် အချိန်တန်တောခိုသွားရင် အုပ်စုခွဲ၊ သွေးခွဲပြီး အချိန်ဆွဲတိုက်လိုက်ရင် တော်လှန်သူတွေရှုံးသွားမှာပဲလို့ တွက်ခဲ့တယ်။ မင်းအောင်လှိုင်ရင်ဆိုင်ရမည့်ရန်သူဖြစ်တဲ့ တော်လှန်ပြည်သူတွေကို လျှော့တွက်ခဲ့တယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်ပြီး နည်းပညာတွေတိုးတက်နေချိန်မှာ ပညာတတ်လူငယ်တွေရဲ့ အရည်အချင်းကို လျှော့တွက်ခဲ့ ခြင်းလဲဖြစ်တယ်။ ဒါတွေက စစ်ပွဲဖန်တီးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေသေချာချာမသိဘူးဆိုတဲ့ အမှားကြီးတခုပဲ၊ ဒီအမှားကြောင့် မင်းအောင်လှိုင်အတွက် တနိုင်ငံလုံးမှာစစ်ရှုံး နေရတာပဲ။

    (more…)

  • KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

    KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

    RNA_ဧပြီ(၁၂)၊၂၀၂၄ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA နှင့်အတူ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများ ကြည့်ရှုနားဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=gS0seo4iteg[/embedyt]
    #RedNewsAgency

  • ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။

    စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt]

    အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြပြီး တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ကို လက်မခံကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ လက်မခံကြရန်၊ တော်လှန်ရေး အရှိန်မြှင့်တင်ကြရန် လူထုက ကြွေးကြော်ကာ နှိုးဆော်ခဲ့သည်။

    #RedNewsAgency