အမျိုးသမီး

မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

"တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်" ချမ်းမင်း စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။ ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ…
Read More
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက တပ်တွင်း အင်အားရှားပါးမှုကြုံနေရသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်း အတည်ပြုလိုက်သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဝင်ရောက်လိုသူ များပြားလာကြောင်း သိရသည်။ “ အခု ကျနော်တို့ကိုဆက်သွယ်လာတာတွေ တော်တော်ကိုများပါတယ်။ မိဘတွေလည်းအကုန်စိတ်ပူနေကြပြီလေ ထွက်ပေါက်ကလည်း ရှားပါးနေတယ်လေ။ စခတွေလက်ထဲရောက်သွားရင်တော့ ပြန်လမ်းကမရှိဖြစ်ပြီ။ အဖွဲ့အစည်းတွေလည်းခေါ်တာတွေ များလာပါပြီ အခုတော့ အခြေအနေက မြို့ပြပြည်သူတွေအတွက် ဆိုးနေပြီ” ဟု မကွေးတိုင်းအတွင်းမှ PDF ရဲဘော်တဦးကပြောသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့မှုထမ်းဥပဒေအသက်သွင်းပြီး လက်တွေ့လုပ်ဆောင်တော့မည်ဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားဝင် သဘောထားမှတ်ချက်နှင့် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ ယနေ့ နံနက်ပိုင်းအထိ ထွက်မလာသေးသည့်အတွက် ဒေသတွင်း PDF တပ်ဖွဲ့များနေဖြင့် လူသစ်လက်ခံဖို့ အခက်အခဲများရှိနေကြောင်း၊ အခြားသော NUG MOD…
Read More
ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

RNA_ဇူလိုင်(၂၈)၊၂၀၂၃ ခုနှစ်။  တော်လှန်ရေးအတွက် မိဘများ သိခံစောင့်ဆိုင်းပေးရန်နှင့် အဆုံးထိပါဝင်ပေးရန်၊ တော်လှန်ရေးပြီးသည့်အခါ မိသားစုထံပြန်လာပြီး အေးဆေးနေချင်သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F တပ်ခွဲ (၃) တပ်ခွဲအရာခံဗိုလ် နော်ဖောက ပြောကြားထားသည်။ “ဖေဖေနဲ့မေမေနဲ့ကိုလည်း ခဏလောက်တော့ သိခံပြီးတော့ စောင့်ဆိုင်းပေးပါအုံးပေါ့နော် သိခံပြီးတော့လည်း အဆုံးထိလဲ ပါဝင်ပေးပါအုံးနော်လို့ အဲလိုပြောချင်တယ်။ ပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်တော့ ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်ပါတယ်” ဟု တပ်ခွဲအရာခံဗိုလ်နော်ဖောက ပြောသည်။  (more…)
Read More
စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာဘက်မှ အင်အားများသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဂဲပြန်ရွာနေ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် မဇလီ‌ကျေးရွာရှိ သံဃာ (၁) ပါးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၅) ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ထွက်ရှိလာပြီး အင်အားဖြည့်တင်းကာ မတ်လ (၁၆) ရက်နေ့တွင် ရွှေဂဲပြန်ကျေးရွာနှင့် မဇလီကျေးရွာဘက်ရောက်ရှိကာ အမျိုး သမီး (၁) ဦးနှင့် သံဃာ (၁) ပါးကို သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း Wetlet Informational Network ထံမှ သိရသည်။ (more…)
Read More
အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့ပြောကြားထားမှု RNA_ဒီဇင်ဘာ(၂၉)၊ ၂၀၂၂ ခုနှစ်။ " အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ #RedNewsAgency
Read More
အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

RNA_ဒီဇင်ဘာ ၄၊ ၂၀၂၂ ခုနှစ် ။ လူမှုကွန်ယက်တွင် ပျံ့နှံနေသည့် တမူးမြို့က အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင် ကိစ္စ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က စုံစမ်းစစ်ဆေးမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။ "ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ် အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ လုပ်ထုံ းလုပ်နည်းတွေ မှန်ကန်ဖိုလိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်" ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး…
Read More
ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

ပြည်သူတိုင်း PDF တပ်သားလို့ ခံယူထားစေချင်ကြောင်း မြောင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ပြောကြား RNA_ဇန်နဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ "နွေဦးတော်လှန်ရေးမှာ PDF တွေ တိုက်ပွဲဝင်ပါလိမ့်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ မသွားချင်ဘူး၊ ပြည်သူတိုင်း ပြည်သူတိုင်းက ကိုယ့်ကိုယ်ကို ငါတို့သည် PDF တပ်သားပါဆိုတာမျိုးနဲ့ ခံယူထားစေချင်တယ်။ အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ Red News Agency
Read More