Tag: စစ်အာဏာသိမ်းမှု

  • စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

    စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

    “မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်”
    ရန်နိုင် – Wiper
    မင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။
     
    နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်တပ်ပဲဆိုတာ ပြည်သူတွေ ထင်ထင်ရှားရှား သိလာကြတယ်။ အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အမှိုက်တခုလို ဖြစ်နေပြီ ဆိုတာကို ရှင်းရှင်းလင်း သိလိုက်ကြရတယ်။ သမိုင်းတလျှောက် နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ လုံးဝကင်းစင်သွားဖို့ လိုအပ်နေပြီဆိုတာကို တနိုင်ငံလုံးက လက်ခံလိုက်ကြပြီ။
     
    “မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” လို့ မြန်မာ့နိုင်ငံအရေး စစ်ရေးအနေအထား တွေကို တစိုက်မတ်မတ်အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်က ဒီဗီဘီ သတင်းဌာနမှာ ဆွေးနွေးဖော်ပြထားခဲ့တယ်။ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တစ်စုရဲ့ မြန်မာ နိုင်ငံရေးမှာ အမှိုက်တခုဖြစ်နေပြီဆိုတာကို နိုင်ငံရေးလေ့လာသူတွေတင်မဟုတ်ပဲ ပြည်သူတွေအားလုံးပါ သိနေကြပြီ။ စစ်တပ်မရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတာကြောင့် အချိန်ကြာလေ စစ်တပ်အတွက် လုံးပါးပါးလာတဲ့ အခြေနေတခုကိုရောက်နေရပြီ။

    (more…)

  • “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်”

    ရန်နိုင် – Wiper 

    စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိခဲ့ပါသည်။ သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ စစ်တပ်က အခွင့်ထူးခံနေရာ ရနေပြီးသားဖြစ်သလို စစ်တပ်အတွင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို အပြည့်အဝရထားပြီးဖြစ်သည်။ အရေးပါတဲ့ ဝန်ကြီးဌာန () ခုကိုပါ ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် စစ်တပ်က တနိုင်ငံလုံး ဒေသန္တရ အုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ NLD နှင့် လျှို့ဝှက်တွေ့ဆုံပွဲမှုများကြောင့် အတိတ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွ ေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ကာကွယ်ပေးထားသလား ထင်ရလောက်အောင် စစ်တပ်အတွက် လုံခြုံခဲ့သည်။

    စီးပွားရေးအရလည်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL များမှ တရားဝင်အဖြစ်သော်လည်းကောင်း၊ ခရိုနီကုမ္ပဏီများနှင့် တရားမဝင်စစ်တပ်ပိုင် ပုဂ္ဂလိက စီးပွားရေးများမှတဆင့်ဖြစ်စေ စစ်တပ်ရဲ့ စီးပွားရေးအရ စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးပိုင်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ အခြေခံဥပဒေကိုပြင်ဖို့ ဖိအားတဆထက်တဆ မြင့်တက်လာပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးမှာ အခွင့်ထူးခံ နေရာရထားတဲ့ စစ်တပ်အနေနဲ့ထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိမနေခဲ့ပေ။

    (more…)

  • ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

    ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ 

    “စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်”

    ကိုတင်ဖေ

    အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။

    အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ လမ်းမထက်မှာကော၊ မီဒီယာတွေမှာကော၊ ကမ္ဘာ့စာမျက်နှာထက်မှာကော သက်သေအဖြစ်တည်ရှိနေဆဲပါ။ ဘုရင်ရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဘာမဆိုလုပ်ဝံ့တယ်ဆိုကတည်းက ပြည်သူကိုအကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လာပါတယ်။

    မဲစာရင်းကိုအကြောင်းပြ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့ကြတယ်၊ စစ်ကြောရေးတွေမှာ သတ်ဖြတ်ခဲ့ကြတယ် စာရင်းအတည်မပြုနိုင်တဲ့ အသတ်ခံရသူတွေရှိသလို့ စာရင်းအရဆိုရင်တောင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေသုံးထောင်ကျော်ကို သတ်ဖြတ်ထားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေရသူ တစ်သောင်းခွဲကျော်ရှိနေပါတယ်။ ပြည်သူရဲ့ မဟုတ်မခံ ခုခံတွန်းလှန်စစ်ဟာ ဒီ ၂ နှစ်ကျော်ကာလအတွင်းမှာတင် အတော်လေးခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။

    (more…)

  • ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

    ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

    RNA_ဩဂုတ် (၂၈)၊ ၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်နှင့် ဩဂုတ်လ ၂၇ ရက်နေ့က ရောင်းချပေးခဲ့သည့်အတွက် ပြည်သူ တစ်သောင်းခန့် ဒုက္ခခံကာ တန်းစီဝယ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=q-HMxTQjfnw[/embedyt]

    ရောင်းချမည့်အရေအတွက်က လူ ၅၀၀ ဖြစ်သည့်အတွက် ရန်ကုန်မြို့နယ်ပေါင်းစုံက အခြေခံလူတန်းစားများ နံနက်စောစော အိပ်ရေးပျက်၊ အချိန်ကုန်၊ ဒုက္ခခံလာရောက်ခဲ့ကြသော်လည်း မရရှိခဲ့သူများရှိကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဆီဆား အခြေခံ စားသောက်ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ရန်ကုန်မြို့ အလုပ်သမား ဆင်းရဲသား အခြေခံလူတန်းစားများ အတော်ဒုက္ခရောက်နေကြရပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

    ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။

    (more…)

  • စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

    စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူများသည် စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ယနေ့တွင် ” အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း (Silent Strike)” သပိတ်တွင် ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ အာဏာသိမ်းမှု (၂) နှစ်ပြည့် (ယနေ့) တွင် ပြည်သူများသည် စစ်အာဏာရှင်ကို လက်မခံကြောင်း၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း သိစေရန် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike သပိတ်တွင် ပူးပေါင်းပါဝင်ကြသည်။
     
    #RedNewsAgency

  • ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

    ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

    RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။
     
    စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။
     
    လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။

    (more…)

  • စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

    RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။
     
    အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
     
    “တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

    (more…)

  • လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန် 

    လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန် 

    RNA_နိုဝင်ဘာ(၈)၊ ၂၀၂၂ ခုနှစ်။

    အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။

    စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့်  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက် ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦး စားပေးဆောင်ရွက်သင့်သော လုပ်ငန်း စဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း NLD ကအလေးအနက်တောင်းဆိုထားသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်တိုင်းရင်း သား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် NLD ကမေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

    (more…)