Tag: ဒေါ်အောင်ဆန်းစုကြည်

  • Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    RNA_မတ်(၁)၊၂၀၂၅ခုနှစ်။

    လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=I1Jxp3ZObH4[/embedyt]

    #rednewsagency #rednews #rna #myanmar #news #burma

  • ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

    ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။
     
    တော်လှန်ရေးအတွင်း အရပ်သားအစိုးရပေါ်ပေါက်ရေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တကျော့ပြန်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ( ASECC ) တာဝန်ရှိသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=3HiRabFEO7w[/embedyt]
     
    #RedNewsAgency #REDNEWS #RNA
  • တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

    တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

    RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။
     
    NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။

    (more…)

  • ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

    ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

    “စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်”

    ရန်ုနိင်

    အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။

    “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ လက်ခံထားဖို့လည်း အဆိုပြုထားတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ၁၂ ရက်ကြာ အရှေ့တောင်အာရှခရီးစဉ်အတွင်း ဘရင်ဂျီဂိုဏ်းဝင်တွေနဲ့ သီးသန့်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ပါတယ်။

    ဒီဇင်ဘာ တတိယပတ်မှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနဲ့ ဂျက်ခ်စတော တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ The Rise and Fall of Aung San Su Kyi လို့အမည်ရတဲ့ (မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျတွေကို ပုံဖော်ရိုက်ကူးထားတဲ့) သမိုင်းဝင် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားသစ် စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

    (more…)

  • အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

    အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်တည်တံ့ခိုင်မြဲရေး ကိုရှေးရှုလျက် အားလုံးပါဝင်သော အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက်စွဲကိုင်ထားပါသည်ဟု ထုတ်ပြန်ထားသည်။

    NLD ပါတီအနေဖြင့် မူလစတင်တည်ထောင်ချိန်မှစပြီး အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီဖြစ်သည်ဟု ယနေ့ ကျနေရောက်သော ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

    စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

    “အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျစစ်သားလေးကို “သားတို့ရော စားပြီးပြီလား”လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး “ဟုတ်ကဲ့” တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ “နေကောင်းလား..စားပြီးပြီလား” တခွန်းမမေးခဲ့ဘူး”

    မောင်ဝိ – Wiper

    အမေ….လို့ ပြည်သူအများစုက မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်။ သူက ပြည်သူတွေအပေါ် အကြောက်တရားတွေ၊ ဖိနှိပ်ခံရမှုတွေကို ​မျက်စိပွင့်နားဖွင့်ဖြစ်စေခဲ့တဲ့ သူပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသမီးတန်မဲ့ ဦးဆောင်တိုက်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ဘဝရဲ့ သက်တမ်းတဝက်ကျော်လောက်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချတာခံခဲ့ရတာ ဒီကနေ့အထိပါပဲ။

    ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်သူတွေထဲက ခေါင်းဆောင်တဦးဖြစ်သလို ၁၉၉၀ ခုနှစ်မှာဆိုရင် သူမရဲပါတီက လူထုထောက်ခံမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်။ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့အပြင် သူမကို နေအိမ်မှာ ထိန်းသိမ်းခဲ့တယ်။ ဒီလိုဖိနှိပ်မှုများကြားကပဲ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများအတွက် နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။ အဲ့ဒီကတဆင့် လျောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို မြင်တွေ့ရတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး လေးစားစရာစိတ်ထားလေး အကြောင်း ကြားသိခဲ့ရတဲ့ အမှတ်တရ အဖြစ်ပျက်လေးတခုလည်း ပြောပြချင်သေးတယ်။ ဒါက စစ်သားတယောက်ရဲ့အတွေ့အကြုံပါ။ သိတဲ့အတိုင်း စစ်ဗိုလ် စစ်သားအများစုက ဒေါ်အောင်ဆန်းစုကြည်တို့လို လူတွေဆိုရင် တပ်ထဲက ဝါဒမှိုင်းတွေမိပြီး အမြင်သိပ်မကြည်ကြဘူး။ အဲ့ဒီလိုဖြစ်အောင်လည်း တပ်ထဲမှာ အမျိုးမျိုးပုံဖျက်ကြတယ်။ အဲ့ဒီလိုပုံဖျက်တော့ ဘာဖြစ်လဲဆိုတော့ တခါမှမမြင်ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တချို့စစ်သားတွေဆိုအမုန်းကြီးမုန်းကြတယ်။

    (more…)

  • စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

    စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်”

    နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊  ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း အမျိုးသမီးများရဲ့ စီမံခန့်ခွဲမှုတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။ 

    နောက်တခုက စစ်ပွဲအတွင်းမှာဖြစ်စေ၊ အခြားသော ဘဝရပ်တည်ရေးဖြစ်စေ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းမှာ မိသားစုတွေအတွက် အဓိကစောင့်ရှောက်သူတွေအဖြစ် အမျိုးသမီးတွေပရဲ့ အခန်းကဏ္ဍ ရှိနေပြီး လူမှုအသိုင်းအဝိုင်းမှာ ကူညီမှု၊ မေတ္တာတရား၊ သံယော ဇဉ်တွေကို လှုံ့ဆော်ပေးပါတယ်။ တော်လှန်ရေးရဲ့ အဓိက အသားတင်ချက်တွေဖြစ်တဲ့ ခံနိုင်ရည်ရှိမှု၊ စည်းလုံးမှုတွေကို အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းက ထောက်ပံ့ပေးပါတယ်။

    လက်ရှိတော်လှန်ရေးအတွင်းမှာဆိုရင် လက်ညှိုးထိုးမလွဲတဲ့ အမျိုးသမီး ဦးဆောင်သူတွေကို မြင်တွေ့ရတယ်။ မှတ်မှတ်ရရဆိုရင်နှမ်းတစ်စေ့တည်းနဲ့ ဆီဖြစ်မလား၊ ရေကာတာတစ်ခု ကျိုးပေါက်ဖို့အတွက် အက်ကြောင်းတစ်ခုပဲလိုတယ်လို့ ကိုယ်ကျင့်တရားပျက် လူ့အဖွဲ့အစည်းတွေကို ၂၀၂၀ ခုနှစ်က တည်းက ထောက်ပြခဲ့ဖူးတဲ့၊ လက်ရှိ NUG ရဲ့ ဒုဝန်ကြီး အိသဥ္ဇာမောင်တို့လို။ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်နက်ကိုင်ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ဟန်နီနွေဦးတို့အပြင်၊ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေ လက်ညှိုးထိုးမလွဲပါပဲ။

    (more…)

  • ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

    ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

    RNA_ဩဂုတ်(၁)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီသည် ပြည်သူများကို လှည့်ဖြားကြိုးစားနေသည့်အတွက် တော်လှန်ရေးအသိ ဆက်လက်ထားရှိပြီး ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူများကို တိုက်တွန်းထားသည်။
    [embedyt] https://www.youtube.com/watch?v=WDUFBowFdgo[/embedyt]
     
    #RedNewsAgency

  • အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။

    ” ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့” ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=nsW6_6sxthI[/embedyt]

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ ပြောဆိုနေကြသည်။

    #RedNewsAgency

     

  • ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ” နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ” 

    နောင်ရိုး

    အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့ ပရဟိတသင်တန်းကျောင်း တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ပြီး ရန်ပုံငွေတွေကိုခိုးယူခဲ့ကြပါတယ်။

    ထင်ရှားတဲ့သာဓကတွေအနေနဲ့ စုအသက် မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာမြို့နယ်) ရဲ့ ကျောင်းအုပ် ဦးဇော်သက်လင်းကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့မှာတော့ လူရုပ်တောင်မပေါ်တော့တဲ့အထိ နှိပ်စက်ထားတဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။အာဏာစသိမ်းစဉ်က လူထုသဘောဆန္ဒကို ပေါ့တန်တန်သဘောထားခဲ့တဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝှမ်းကို သေချာမအုပ်ချုပ်နိုင်သေးပါ။

    (more…)