တောင်ပိုင်းတိုင်းစစ်ဒေသ

တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

"လုံခြုံမယ်လို့ထင်ထားတဲ့ နေပြည်တော်လည်းမလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာ" ******************************** ရန်နိုင် ရှေးပဝေသဏီက စစ်ဘုရင်ကြီးတွေရဲ့ စစ်တိုက်နည်း မဟာဗျူဟာတွေအရဆိုရင် ရန်သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရင် ရန်သူ့ကိုအောင်နိုင်ပြီဟု သတ်မှတ်ခဲ့ကြတယ်။ တရုတ်စစ်ဘုရင်ကြီးဖြစ်တဲ့ ဆွန်ဇုကတော့ အခြေချရာနယ်မြေတွေကို မှုန့်မှုန့်ညက်ညက်ခြေဖျက်ပြီး ရန်သူအလိုလို ကြောက်ရွံ့အရှုံးပေးလာစေတဲ့ ဗျူဟာကို သုံးခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေမှာတော့ ဆိုခဲ့တဲ့ စစ်နည်း ဗျူဟာ ၂ ခုလုံးကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတင်မကသေးပဲ ရောမခေတ်က သုံးခဲ့တဲ့ ထရိုဂျန်ဆန်ဆန် စိမ့်ဝင်စစ်ကိုလည်း လက်တွေ့အသုံးချနေတယ်။ ကမ္ဘာ့အဆင့် ၃၈ ဆိုတဲ့ စစ်တပ်ကြီးလဲ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ အလဲလဲအကွဲကွဲနဲ့…
Read More
တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

"တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံးလက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်" **************************** ချမ်းမင်း တော်လှန်ရေးအရှိန်ပြင်းလာတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာကို အတော်လေး ကျယ်ကျယ်လောင်လောင်နဲ့ မြင်တွေ့နေရပါတယ်။ ရခိုင်ဘက်ကသတင်းတွေ၊ ကချင်ဘက်ကသတင်းတွေသာမက အခုနောက်ဆုံး ကရင်ပြည်နယ်က သတင်းတွေကပါ တော်လှန်ရေးအတွက်အားတက်စရာ၊ အားရှိစရာ အောင်ပွဲတွေများစွာကို မြင်တွေ့နေရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ဆိုရင် ဧပြီလ၆ ရက်နေ့က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး အခြားအဆင့် ၄၁ ၀ ဦးအပါအဝင်…
Read More
လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ

လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ

"ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း၊ Lion Battlion စစ်ကြောင်းဖြစ်ပြီး PDF စစ်ကြောင်းများဖြစ်တဲ့ ကျားဖြူ၊ SOF၊ တောင်ညို၊ ကျားသစ်နက်စသည့် စစ်ကြောင်းများသည် Social Media များပေါ်မှ ပြည်သူများရဲ့ အချစ်တော် စစ်ကြောင်းများ" ********************************** ရန်နိုင် နွေဦးတော်လှန်ရေးကာလအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များ ဆိုသည်က မတရားမှုကို မကျေနပ်ကျလွန်း၍သာ သူပုန်ထသည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်တခုကို အမြစ်ပြတ်အောင် ချေမှုန်းခြင်သည့် စိတ်တခုတည်းနဲ့ တိုက်ပွဲဝင်နေကြခြင်းလည်းဖြစ်သည်။ နှစ် ၈၀ နီးပါး ပြည်သူ့ဘဏ္ဍများစွာဖြင့် လက်နက်အင်အား အပြည့်အစုံတပ်ဆင်ကာ ပြည်ပရန်ကိုတိုက်ထုတ်ဖို့ တည်ဆောက်ထားသည် စစ်တပ်ကို အံတုဖို့ဆို သည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။ နီးစပ်ရာလက်နက်ကိုင်အဖွဲ့ဝင်များဆီမှာ စစ်ပညာသင်ကြားပြီး အခြေစိုက်စခန်းများ…
Read More
စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီသည် နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေပြီး ကျဆုံးဖို့တခုသာရှိိတော့သည်ဟု ပြောထားသည့်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးလည်း "ရွေးကောက်ပွဲတခု တရားဝင်ဖြစ်လာဖို့ဆိုတာ ဒါ ..စိတ်ကူးယဉ်အိပ်မက်တခုဖြစ်တယ် ပြောရရင်လေပေါ်မှာ တိုက်အိမ်ဆောက်သလိုပဲလေနော် လုံးဝဖြစ်လာမှာမဟုတ်ဘူး" ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF မှ တပ်မှူးကိုအောင်စံရှားက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ ခုနှစ်။   တောင်ပိုင်းတိုင်းစစ်ဒေသ အပါအဝင် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအခြေအနေများ၊ နယ်မြေစိုးမိုးမှုအခြေအနေများနှင့် ပတ်သက်သောအကြောင်းအရာများ၊ မြို့ပြစစ်ဆင်ရေးတွင်လည်း "ရွှေလက်ပိုင်ရှင်" စသည့် စစ်ဆင်ရေးများစွာ ဖော်ဆောင်ထားနိုင်သည့် NUG/MOD PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F)၏ တပ်မှူး ကိုအောင်စံရှားကို ပြည်သူများ သိချင်နေသည့် မြေပြင်တော်လှန်ရေးအခြေအနေများနှစ်ပတ်သက်ပြီး Red News Agency က ဆက်သွယ်မေးမြန်းထားသည်။ #RedNewsAgency
Read More
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိစစ်ကောက်စီလက်အောက်ခံများကို K.N.L.A လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။ မုန်းမြို့ရှိ ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ−၈၄ မှ ဒုရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်၊ တပ်ခွဲမှူး ဗိုလ်ကြီး အာကာစိုး၊ အင်ဂျင်နီယာ တပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း၊ ဒုအရာခံဗိုလ် လှသိန်း၊ ဒုအရာခံဗိုလ် သန်းအောင် အပါအဝင် (၁၉) ဦးနှင့် တပ်မိသားစုဝင် (၄၂) ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့် အညီ…
Read More
ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ချောင်းဆုံ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျားဖြူစစ်ကြောင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေရာကို ကျ‌နော်တို့ ကျားဖြူတပ်ခွဲ ၄ အပါအဝင် ကျားဖြူစစ်ကြောင်းက ညီအစ် ကိုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ စကစတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု Albino Tiger…
Read More
မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။ ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ…
Read More
96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ 96 Soldiers - PDF ဖွဲ့စည်းခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေ့တွင်  (၂) နှစ်ပြည့်မြောက်ခဲ့ဖြစ်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းတနေရာတွင် အညာဒေသတပ်ခွဲ ရဲဘော်များ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ ၂ နှစ်အတွင်း 96 Soldiers - PDF သည် တောင်ပိုင်းတိုင်းအတွင်းရှိ တပ်ခွဲအနေဖြင့် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပါဝင်ဆောင်လျှက်ရှိပြီး၊ အညာဒေသအတွင်းရှိ တပ်ခွဲအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိသော နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ Local PDF များနဲ့အတူတကွ ပူပေါင်း၍ စစ်ရေးလှုပ်ရှားများကို လုပ်ဆောင်လျှက်ရှိသည်။ (more…)
Read More
စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။   ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။   #RedNewsAgency
Read More