Tag: ကရင်ပြည်နယ်

  • မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

    မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။

    ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က ” မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်”ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။

    (more…)

  • ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    RNA_ဇူလိုင်(၁၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို KNLA၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်ဟု Cobra Column စစ်ကြောင်း(၁)၊ တပ်ခွဲ-၂ (PKYY)ကထုတ်ပြန်ထားသည်။

     

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
    #RedNewsAgency #REDNEWS #RNA

  • စစ်ကောင်စီတပ်စခန်းပြုလုပ်ထားသော KNU ဌာနချုပ်ဟောင်းကို KNU ပြန်လည်ရရှိ

    စစ်ကောင်စီတပ်စခန်းပြုလုပ်ထားသော KNU ဌာနချုပ်ဟောင်းကို KNU ပြန်လည်ရရှိ

    RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသော ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့၏ ဦးဆောင်မှု ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    Photo : Thunder Kawthoolei

    (more…)

  • အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

    အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

    RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။

    အညာဒေသအတွင်း စစ်ရေးသတင်းများနှင့်ပတ်သက်ပြီး သတိထားရမည့်အချက်များအပါအဝင် အညာဒေသအခြေအနေများနှင့် အညာဒေသတော်လှန်ရေးရဲဘော်များ သတ္တိကောင်းကြောင်းစသည်တို့ကို ကရင်ပြည်နယ်တိုက်ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကျားဖြူစစ်ကြောင်းမှ ဗိုလ်မှူးကျော်ဟိန်းကပြောပြထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

    #RedNewsAgency #REDNEWS #RNA

  • စခန်းသိမ်းပြန် ရဲဘော်များကို ပြည်သူများကြိုဆို

    စခန်းသိမ်းပြန် ရဲဘော်များကို ပြည်သူများကြိုဆို

    RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းအား မေလ၊ ၂၃ ရက်နေ့ကလည်းကောင်း၊ သေ့ဘောဘိုးစခန်းအား ဇွန်လ ၃ ရက်နေ့ကလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြသော KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များအား ပြည်သူများက အားရဝမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု ဇွန်လ (၅) ရက်နေ့တွင် Cobra Column 2 VENOM ကအသိပေးထားသည်။

    (more…)

  • စစ်ကောင်စီ၏ သေဘောဘိုးစခန်းကို အောင်မြင်စွာ သိမ်းပိုက်

    စစ်ကောင်စီ၏ သေဘောဘိုးစခန်းကို အောင်မြင်စွာ သိမ်းပိုက်

    RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် တပ်စွဲထားသော သေဘောဘိုးစခန်းကို KNU တပ်မဟာ (၆)ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ရဲဘော်များက ဇွန်လ (၃) ရက်နေ့ ည (၁၁) နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

    (more…)

  • ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။
    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် Cobra Column (FW) များနှင့် ယခင်ဒရုန်းများထွက် စွမ်းအား (၃) ဆခန့်ပိုအားကောင်းသည့် FW Hercules – 3 (FW H3) ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Federal Wings ကအသိပေးထားသည်။

    (more…)

  • ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့် အလေးပြုခြင်း အခမ်းအနားကျင်းပ

    ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့် အလေးပြုခြင်း အခမ်းအနားကျင်းပ

    RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

    NUG/MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး၊ ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ရဲဘော်ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ဧပြီလ (၂၅) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

    (more…)

  • ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များမှ သိမ်းဆည်းရမိထားသော အွန်လိုင်းဆက်စပ်ပစ္စည်းများကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီထံမှတဆင့် တရုတ်အစိုးရထံ အပ်ရမည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=ljUXfmUXX7U[/embedyt]

    #rednewsagency #rednews #rna #myanmar #bgf

  • ကျားဖြန့်နှိမ်နင်းရေး အရှိန်လျော့လုပ်ဆောင်တော့မည်

    ကျားဖြန့်နှိမ်နင်းရေး အရှိန်လျော့လုပ်ဆောင်တော့မည်

    RNA_မတ်(၉)၊၂၀၂၅ခုနှစ်။
     
    မြဝတီဒေသအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များအတွင်း လူကုန်ကူးခံထားရသူများ (နေရပ်ပြန်လိုသော နိုင်ငံခြားသား) နှင့်ပတ်သက်ပြီး အရှိန်လျော့လုပ်ဆောင်သွားတော့မည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကပြောကြားထားသည်။

    (more…)