Tag: တိုင်းရင်းသားလက်နက်ကိုင်

  • တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    “အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ”

    ပင်လယ်သူ

    လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

    ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ သိမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရည်အချင်းမရှိ၊ သူရဲဘော ကြောင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းများစွာ ဖမ်းဆီးခံခဲ့ကြရတယ်။ လက်နက်ခဲယမ်းတွေဟာ လားရှိုးမြို့နှင့်အတူ ဒကစ ခြောက်ခုထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ လောက်ကိုင်ဒကစကိုပါ လက်လွှတ်လိုက်ရတဲ့အတွက် ရုံးထိုင်စရာပါပျောက်သွားရတဲ့အထိ ဖြစ်သွားရတဲ့ဖြစ်စဉ်ဟာ မင်းအောင်လှိုင် လက်ထက်မှာ သမိုင်းဆိုးနဲ့ ကျန်ခဲ့မဲ့ စစ်တပ်ဖြစ်ပါတယ်။


    အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ။ ပြန်လည်တိုက်ယူနိုင်စွမ်း မရှိတဲ့အတွက် ရှေ့ပိုင်းမှာ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်များကို စစ်ကောင်စီဟာ အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်း ညီနောင်မဟာမိတ်တွေက အမြဲအသာစီးရခဲ့လို့ စစ်တပ်လိုချင်တာ တခုမှမအောင်မြင်ခဲ့တဲ့ ဆေးနွေးပွဲတွေဆိုတာ အားလုံးအသိဖြစ်တယ်။

    (more…)

  • “တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

    “တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။
     
    “ရခိုင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကချင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကိုးကန့်ဒေသအတွင်းက အောင်မြင်မှုတွေ၊ တအာင်းဒေသတွင်းက အောင်မြင်မှုတွေဟာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီအပြင် NUG အစိုးရရဲ့လက်အောက်ခံ PDF တွေရဲ့ အောင်မြင်မှုတွေဟာလည်း ထင်ထင်ရှားရှားရှိနေတာဖြစ်ပါတယ်။ စစ်ရေးအရ၊ လူထုယုံကြည်မှုအရ စနစ်တကျတွက်ကြည့်ရင်တော့ စစ်ကောင်စီက စစ်ရှုံးနေပြီဆိုတာ သေချာပါတယ်”
    #RedNewsAgency #REDNEWS #RNA #revolution #Myanmar #China #Burma
  • တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

    တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်မည်

    RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။
     
    NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။

    (more…)

  • ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

    ကယန်းအမျိုးသားတပ်မတော် ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး ကျဆုံး

    RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။
    ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် ဇန်နဝါရီလ ၁ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။
  • ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

    ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။

    အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။

    ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

    (more…)

  • မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

    စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

    “ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်”
    ကေဂျီ – Wiper
    တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။
     
    စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ တပ်မကြီးတွေ ပိုင်ဆိုင်ထားသလို၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၃၈ စစ်အင်အားရှိတဲ့ နိုင်ငံပိုင်တပ်မတော်ကြီးတစ်ခုလုံးကို ငယ်မွေးခြံပေါက် ခွေးလေးတစ်ကောင်လို ခိုင်းခြင်ရာခိုင်းစေနိုင်တဲ့ အခွင့်အာဏာကို ဆုပ်ကိုင်ထားတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကိုတောင် ဂရုစိုက်နေစရာမလိုတာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ လက်နက်ကိုင် တပ်တွေလောက်ကတော့ အရေးအရာလုပ်၊ စာရင်းသွင်းစရာတောင် မလိုပါဘူးလို့လည်း လျှော့တွက်ပြီး တွေးလောက်စရာအချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ရဲ့ အဓိက တွက်ကိန်းမှားသွားခဲ့တဲ့ အချက်ကတော့ နိုင်ငံကို စိတ်တိုင်းကျ လုပ်ခြင်ရာလုပ်နိုင်ဖို့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကိုလည်း ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

    (more…)

  • SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

    SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

    RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။

    ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

    (more…)

  • AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

    AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

    “စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်ကအမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ဗျူဟာကိုသုံးတယ်”

    ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဆက်ပြီးတိုက်လာတယ်။ ဒီပုံစံမျိုး မြောက်ပိုင်း ကနေတောင်ပိုင်းကို ဆင်းလာပြီး မဟာဗျူဟာမြောက် စစ်တိုက်သွားတာတွေ့ရတယ်။

    အဲ့ဒီလို တိုက်တဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေ၊ စစ်ကောင်စီတပ်ရင်းတွေ ဗျူဟာကုန်းတွေအနေနဲ့ ပလက်ဝကစပြီး ဘာတခုမှ မတုန့်ပြန်နိုင်တာတွေ့ရတယ်။ ပလက်ဝ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအဆင့်က စပြီးကျတယ်။ ဗျူဟာမှူးဆိုတာ တပ်ရင်း ၃ ရင်းလောက်ကို ကွပ်ကဲရတဲ့ စစ်ဘုရင်တယောက်ဘဲ ဒီလူတွေကိုယ်တိုင် ဦးဆောင်ပြီး ကျတယ်။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး စသဖြင်အကျအရှုံးတွေများကြတယ်။ ဒီလူတွေက ရှေ့တန်းတပ်ရင်းတွေရဲ့ စစ်ဘုရင်ဖြစ်သလို၊ ရာထူးအဆင့်အတန်းအရဆိုရင် အထက်နဲ့အောက်တပ်တွေကို ထိန်းညှိပေးရတဲ့ ခါးဆက်တွေဖြစ်တယ်။ ဆိုတော့ စစ်တပ်က ခါးဆက်တွေပျက်ကုန်တယ်။ ဒါကစစ်တပ်ရဲ့လက်ရှိအခြေအနေပါ။

    အဲဒီနောက် စစ်တပ်က သူ့ဂုဏ်သိက္ခာအတွက် ပြင်နေတာတွေ့ရတယ်။ ဒါကတော့ လက်ရှိ ရထားတဲ့နယ်မြေတွေ ထပ်မပေးရအောင် အရင်ခံစစ်ပြင်တာပါ။ အဲ့ဒီအတွက် ပထမဆုံး စစ်တိုက်နိုင်တဲ့ စစ်သားအင်အားတွေကို ရဟတ်ယာဥ်/ စစ်သင်္ဘောတွေနဲ့ ရခိုင်ကိုပို့ပါတယ်။ အဲ့လို ပို့ဖို့ဆိုရင် အခြားပြည်နယ်နဲ့တိုင်းအလိုက်က ဆေး၊ ဆက်၊ ဘီအီး အပါအဝင်၊ ကကထုတ်၊ ကကယာ၊ ကပစ စတဲ့ အထိုင်တပ်ရင်းတွေကနေ ထုတ်နုတ်ပြီး ရခိုင်ကိုပို့ရမှာပါ။ တခြားမကြည့်နဲ့ စစ်မတိုက်ရတဲ့ မိတ္ထီလာလေတပ်က လေတပ်သားတွေကိုတောင် လုံခြုံရေးအကြောင်းပြပြီး ရှေ့တန်းကိုလွှတ်တယ်လို့ တပ်တွင်းကနေ သိရပါတယ်။

    (more…)

  • လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    “မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး”
    အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။
    ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုပြိုလဲသွားမှသာ အာရက္ခနိုင်ငံသစ်ကို တည်ထောင်နိုင်မှာဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို အာရက္ခပြည်ထဲကနေ မောင်းထုတ်ရုံသာမက ဘေးပတ်ဝန်းကျင်ဒေသတွေကနေ ပြန်လည်ထိုးဖောက်ဝင်ရောက်မလာနိုင်အောင်လည်း တိုက်နိုင်ဖို့လိုတယ်။
    ပြည်ထောင်စုတည်ဆောက်မယ် စဥ်းစားထားတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုအားလုံးရဲ့ နယ်မြေမှာ စစ်ကောင်စီကင်းစင်ဖို့ လိုတယ်။မြေပြန့်ဒေသမှာလည်း စစ်ကောင်စီရပ်တည်လို့မရအောင် အဆုံးသတ်တိုက်ထုတ်ဖို့ လိုတယ်။ဗမာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံကို ထပ်ပြီး မကြီးစိုး မခြယ်လှယ်တော့အောင် ပြတ်ပြတ်သားသား တိုက်ပွဲဆင်နွှဲရမယ်။

    (more…)