Tag: စီးပွားရေး

  • မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

    မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

    RNA_ဇူလိုင်(၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း (Chindwin Attack Force) အနေဖြင့် ရှေ့တန်းမှပြန်ရောက်သည့်အချိန်မှ ယနေ့အချိန်အထိ တပ်ရင်းလည်ပတ်နိုင်ရေးအတွက် လမ်းပေါ်တင် အလှူခံခြင်း၊ အခွန်ကောက်ခြင်း၊ စက်သုံးဆီသယ်ယူခြင်းစသည့် စီးပွားရေးလုပ်ငန်းများ လုံးဝ (လုံးဝ) မလုပ်ဟု တပ်ရင်းမှူး ဒေါနမောင်မောင်က အသိပေးထုတ်ပြန် ပြောကြားထားသည်။

    ဒေါနမောင်မောင်အမည်နှင့် မုံရွာခရိုင်အမှတ် (၄)တပ်ရင်းအမည် အလွဲသုံးစားပြုပြီး လုပ်ကိုင်ဆောင်ရွက်လာပါက အချိန်မရွေးအကြောင်းကြား တိုင်တန်းရန်နှင့် ရဲဘော်ဖြစ်ပါက စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးနောက် မုံရွာခရိုင်အမှတ်(၄) တပ်ရင်း ရဲဘော်မှအစ တပ်ရင်းမှူးအဆုံး မူလထက် တစ်ပြားပိုချမ်းသာခဲ့ပါက တပ်ရင်းမှူးနှင့်တပ်ဖွဲ့အား သူခိုးဟုစွပ်စွဲပြီး ကြိုက်နှစ်သက်ရာ တရားရုံးတွင် ပြည်သူများအနေဖြင့် အရေးယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

    ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

    RNA_ဩဂုတ်(၁၇)၊၂၀၂၄ ခုနှစ်။
    စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် စီးပွားရေးအဆမတန်ကျဆင်းကာ ရန်ကုန်မြို့တွင် စက်သုံးဆီရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ညအိပ်တန်းစီနေရသည့်အနေအထားများနှင့်ပါ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
    ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့အထိ ပြတ်လပ်နေကြောင်း၊ မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးမှုများရှိနေသည်ဟု သိရသည်။

    (more…)

  • စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ

    စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ

    “အခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်‌ရှောက်မှု မ‌ပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်”
    ဧရာဝတီလင်းပိုင် – Wiper
    ဇူလိုင်လဆန်းပိုင်းကစပြီး ပြည်သူတွေဟာ ဒုက္ခတစ်ခုထပ်တိုးရင်ဆိုင်လိုက်ရတာတော့ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေ ဖမ်းဆီးခံရခြင်းရဲ့ နောက်ကွယ်မှာ ငွေထုတ်ယူမှုပြဿနာဆိုတဲ့ ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပ်ထားတဲ့ ငွေကို သွားရောက်ထုတ်ယူကြရာမှာ ၂ သိန်းမှ ၅သိန်းထိသာ ထုတ်ပေးကြောင်းကို သွားရောက်ထုတ်ယူခဲ့သူများထံမှ သိရှိရပါတယ်။ တစ်နေရာနှင့်တစ်နေရာ ထုတ်ပေးမှု ပမာဏ ကွာခြားချက်များရှိ‌‌သော်လည်း သေချာတာက‌ တော့ မိမိငွေကို အပ်ထားတဲ့ ပမာဏအတွင်းက လိုသလောက် ထုတ်‌ယူမရတာ‌တဲ့ အခက်အခဲကတော့ နေရာတိုင်း ကြုံနေရပါတယ်။ မှတ်ပုံတင်ဖြင့် ငွေလွှဲသူများကိုလည်း ၅ သိန်းအောက်ထိသာ ဝန်ဆောင်မှုပေးလုပ်ကိုင်လျှက်ရှိပါတယ်။
     
    KBZ Pay၊ AYA Pay ၊ Wave Payစတဲ့ Online payment များမှာလည်း ငွေသားထုတ်ယူမှုအတွက် တစ်သိန်းထုတ်ယူရင် တစ်သောင်း၊ ငါးထောင်ပေးပြီး ထုတ်ယူနေကြရသလို Online payment ဖြင့် ငွေပေးချေဈေးဝယ်ပါက လက်မခံတာရှိသလို ၅% အပိုပေးပြီးငွေပေးချေမှုဖြင့် လက်ခံမှုလည်းရှိကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် အခြေခံလူတန်းစားများအတွက် ရာခိုင်နှုန်းပေးပြီး ငွေထုတ်ယူရခြင်း၊ ဈေးဝယ်ရခြင်းတို့သည် ပိုမိုကြပ်တည်းမှုများဖြစ်ပေါ်နေပါတယ်။ ဒီလိုပြည်သူတွေ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်အောင် ဖန်တီးသူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။ ဆန်၊ဆီဈေးကို ထိန်းချုပ်တယ်ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူခံရမယ်ဆို ထုတ်ပြန်ထားတယ်။ ဒါပေမယ့် သတ်မှတ်ဈေးအတိုင်း ဘယ်စီးပွားလုပ်ငန်းရှင်ကမှ မရောင်းနိုင်တဲ့အခါ တိတ်တဆိတ်လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်ရတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။

    (more…)

  • လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

    လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

    “စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်”

    ကေဂျီ – Wiper

    စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက် လဲပြိုသွားနိုင်လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အကြောင်း သိသိသာသာ ထွက်ပေါ်လာခဲ့ပါပြီ။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၃၁ သာရှိပြီး၊ အခေါက်ရွှေ တစ်ကျပ်သား ၁၃၂၂၀၀၀/ ဆယ့်သုံးသိန်းကျော်လေးသာ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရွှေတစ်ကျပ်သားကို ၅၉ သိန်းနီးပါး၊ ကျပ်ငွေဈေးဟာလည်း တဒေါ်လာကို ၅၀၁၀ ဝန်းကျင်အထိ စံချိန်တင်ထိုးတက်ခဲ့ပါတယ်။

    နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေအပေါ်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် ကုန်ဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာခဲ့ပြီး အခြေခံလူတန်းစားတွေကို ဒုက္ခအကြပ်တည်းရောက်စေခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ဘီလီယံ ၃ သောင်းနီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းကလည်း ငွေကျပ်တန်ဖိုးကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ကြောင်းကို NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုမှုမှာ တွေ့ရှိရပါတယ်။ ၂၀၂၂တုန်းက စစ်ကောင်စီကထုတ်ပြန်တဲ့ ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံး စရိတ်က ကျပ်သန်းပေါင်း ၁,၇၄၆,၈၆၈,၉၈၉ ရှိခဲ့ပြီး ပညာရေးအသုံးစရိတ်နဲ့ ကျန်းမာရေးအသုံးစရိတ် ၂ခုရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၆၆၅,၉၉၃,၄၄၀ ပဲရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်က ပိုများခဲ့တာကို တွေ့ရပါတယ်။ 

    (more…)

  • သူငယ်ချင်းထံ ပေးစာ

    သူငယ်ချင်းထံ ပေးစာ

    “ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
    **************************
    သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။

    အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။

    တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။

    (more…)

  • စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    “ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”

    ငြိမ်းမောင်

    ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။

    အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

     

    သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း  92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။

    (more…)

  • စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

    စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

    RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် အရာအားလုံးကို တက်မြောက်ထားသည်ဟု ယူဆချက်အရ ဒုတိယဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြား‌ရေး မှူးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

    စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီးသာမိုး၊ ဒုတိယဗိုလ်မှူးကြီး ရာဇာလင်း၊ ဒုတိယဗိုလ်မှူးကြီး သာထူးဝင်း၊ ဒုတိယဗိုလ်မှူးကြီး ကြည်ရအောင်၊ ဒုတိယဗိုလ်မှူးကြီး ထွန်းအောင်ဖြိုး၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်းထွန်းတို့ကို ဇွန်လ (၆) ရက်နေ့ကတည်းက ခန့် ထားသည်။

    စစ်ကောင်စီတပ် စစ်သားများသည် တိုက်ခိုက် ရေး (စစ်ဘက်ရေးရာ) ဘက်တွင် ကျွမ်းကျင်မှုမရှိသည့်အတွက် တိုက်ပွဲတိုင်းနီးပါးတွင် အသေအဆုံးများနေကြာင်း၊ စီးပွားရေးဘက်တွင် ထူးချွန်မှုမရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်သည့် ကာလတိုင်း အရပ်ဘက်ဌာနဆိုင်ရာများ၊ပြည်ထဲရေး၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်အထိ စစ်တပ်မှ အသွင်ပြောင်းများ၊ စစ်ထွက်များကို နေရာပေးခန့်အပ်လေ့ရှိသည်။

    Red News Agency