PDF

မြိတ်ခရိုင် ကျွန်းစုရှိ ပျူစောထီးဂိတ်စခန်းကို PDF နှင့် ပကဖတို့ ဝင်ရောက်တိုက်ခိုက်

မြိတ်ခရိုင် ကျွန်းစုရှိ ပျူစောထီးဂိတ်စခန်းကို PDF နှင့် ပကဖတို့ ဝင်ရောက်တိုက်ခိုက်

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မိုင်းတွေးရွာရှိ ပျူစောထီးဂိတ်စခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ မိုင်းတွေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ပျူစောထီခေါင်းဆောင်နှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ လှေများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် စားနပ်ရိက္ခာများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် မြိတ်ခရိုင် PDF နှင့် ပကဖတို့က အောက်တိုဘာ (၈) ရက် နံနက် (၅) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုင်းတွေးရွာ တံတားဦးတွင် အခိုင်အမာတပ်စွဲထားသည့် ပျူစောထီးကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ချိန်…
Read More
🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အထူးတိုင်းစစ်ဌာနနယ်မြေ ဝေဟင်မှ အင်အားသုံးခံရမှုသည် အဓမ္မစစ်ကြောခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန ပြောကြားလိုက်တဲ့သတင်း၊ လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောက်တော်ဖြစ်စဉ်အပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချလိုက်တဲ့သတင်း၊ အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/OGtcwZ5QHIQ?si=ExF5ATc5LLt8YQsf #RedNewsAgency #RNA #RedNews
Read More
PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့နေသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် အဖွဲ့ဝင်စာရင်းများ ရရှိထားသည်ဟု စစ်အုပ်စုဘက်မှ ထုတ်ပြန်မှုသည် ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ပြောထားသည်။ စစ်အုပ်စု၏ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ တော်လှန်ရေးတပ်ဖွဲ့များအတွက် PRF မှတဆင့် ငွေကြေးထောက်ပံ့ခဲ့သူ (၂၁) ဦးကို ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး PRF အဖွဲ့ဝင် (၂၇၀၀) ၏ စာရင်းကိုလည်း ရရှိထားကြောင်း ဖော်ပြထားသည်။ စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ WavePay ဖြင့် ထောက်ပံ့သူ (၇၀၀) ဦး၊ NUG Pay ဖြင့် ထောက်ပံ့သူ (၁၀၀၀) ဦးနှင့် SDB…
Read More
🔴 [UPDATE] NUG အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရပြီး (၆) ဦး ကျဆုံး ၊ Red News

🔴 [UPDATE] NUG အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရပြီး (၆) ဦး ကျဆုံး ၊ Red News

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ NUG အထူးတိုင်းစစ်ဌာနချုပ် ဝေဟင်မှ အင်အားသုံးခံရပြီး လေတပ် CDM တပ်ကြပ်ကြီးနေဝင်းအောင်အပါအဝင် (၆) ယောက် အသက်ပေးလှူသွားရတယ်ဆိုတဲ့သတင်း၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဝေဟင်မှ အင်အားသုံးခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ ကောလင်းကို စစ်အုပ်စုက ဝေဟင်မှ အင်အားသုံးမှုကြောင့် ဒေသခံ (၂) ဦး အသက်ဆုံးရှုံးပြီး (၈) ဦး ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ လူမှုကွန်ရက်၌ ဝေဖန်ရေးသားမှုကြောင့် စစ်အုပ်စု ထိန်းသိမ်းထားသူ (၂၀၀၀) ကျော်ရှိလာပြီဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/4RNNo9AQqcA?si=QqY0FGuyWuZV0IEq…
Read More
🔴 [UPDATE] ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်တပ် လူမဆန်တာ လုပ်နေ ၊ Red News Agency

🔴 [UPDATE] ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်တပ် လူမဆန်တာ လုပ်နေ ၊ Red News Agency

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ စစ်အုပ်စုဟာ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်ထားတဲ့ တပ်သားတွေကို စစ်မြေပြင်မှာ ဖယ်ရှားခိုင်းတာတွေ ရှိနေတယ်ဆိုတဲ့သတင်း၊ အဓမ္မစုဆောင်းခံရချိန် ညီနဲ့ အစ်မဖြစ်သူတို့ကို စစ်အုပ်စုက အသက်အန္တရာယ်ပြုခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ဝန်ခံပြောကြားထားတဲ့သတင်း၊ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့် အခြေအနေနှင့် ကြုံနေရတယ်ဆိုတဲ့သတင်း၊ ခေါင်လန်ဖူးက စစ်အုပ်စုရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို KIA သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/gFm1SdEGttI?si=iRxxWi3cZIWecSJi (more…)
Read More
စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု၏ စစ်မှုထမ်း အပတ်စဉ် (၂၀)တွင် အဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရသူ မောင်ဇော်ကိုကို၏ ညီဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်း ကာယကံရှင် ပြောဆိုထားသည့် ရုပ်သံကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာ (၂၂) ရက်တွင် ထုတ်ပြန်ထားသည်။ စစ်မှုထမ်းအပတ်စဉ် (၂၀) တွင် စစ်သင်တန်းတက်ခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် မောင်ဇင်ကိုကိုသည် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၂၆၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်ပြီး စစ်အုပ်စုတပ်ရင်းစခန်းမှ ထွက်ပြေးလာပြီး ကော့သောင်း ပကဖအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ “ကျွန်တော့်ညီနဲ့ ကျွန်တော့်အစ်မကိုလည်း ကျွန်တော် စစ်မှုထမ်းသင်တန်းတက်နေတာကို သိရဲ့နဲ့ သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော့်ညီအလောင်းကိုတော့ အဖေနဲ့…
Read More
ခေါင်လန်ဖူးက စစ်အုပ်စုရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြော

ခေါင်လန်ဖူးက စစ်အုပ်စုရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြော

RNA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀) အနီး၌ရှိသည့် ရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက သိမ်းယူထားကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Red News Agency ကို အတည်ပြုပြောသည်။ စက်တင်ဘာ (၁၉) ရက်က KIA ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့သည့် ရဟတ်ယာဉ်ကွင်းသည် စစ်အုပ်စုအတွက် အရေးပါသည့်နေရာတစ်ခုဖြစ်ပြီး အမှတ် (၄၇) ခြေလျင်တပ်ရင်းစခန်းအပါအဝင် စစ်အုပ်စုရှေ့တန်းစခန်းများအတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ပေးနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ “ခေါင်လန်းဖူးဘက်မှာ မှတ်တိုင် (၃၀) နဲ့နီးတဲ့နေရာ၊ ကားလမ်းဆုံးတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဟတ်ယာဉ်ကွင်းရှိတယ်။ အဲ့ဒီရဟတ်ယာဉ်ကွင်းကို သိမ်းလိုက်တာဖြစ်ပါတယ်။ .အဲဒီရဟတ်ယာဉ်ကွင်းကတော့…
Read More
🔴 Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု Red News Agecny

🔴 Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု Red News Agecny

အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်းလာတယ်ဆိုတဲ့သတင်း၊ ဝက်လက်အရှေ့ခြမ်း ထိတွေ့မှု (၁၅) ကြိမ်အတွင်း တစ်ဖက်အဖွဲ့အစည်းမှ အင်အား (၁၀၀) ကျော်ကို ဟန့်တားနိုင်ခဲ့တယ်ဆိုတဲ့သတင်း၊ တစ်ဖက်အဖွဲ့အစည်းက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်နီးပါးထိ ဈေးတက်နေတယ်ဆိုတဲ့သတင်း၊ Mi-17 ရဟတ်ယာဉ်ကို နည်းပညာမြင့်ယာဉ်ပျံများဖြင့် ဟန့်တားနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြုလိုက်တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/6JbxsofwiJE?si=hdmmlEmNk3GB981J (more…)
Read More
ဝက်လက်အရှေ့ခြမ်း ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့

ဝက်လက်အရှေ့ခြမ်း ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကားနှင့် ဒရုန်းများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက စက်တင်ဘာ (၂၀) ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ် ၂၀၂၅ ဒီဇင်ဘာ (၂၄) ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃၁) ရက်အထိ (၇)လတာအတွင်း စစ်အုပ်စုတပ်ဖွဲ့များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုဘက်မှ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃)၊ အမှတ် (၁၂၊ ၁၃) ခြေမြန်တပ်ရင်းများနှင့် လက်အောက်ခံ…
Read More
Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ကျပ်သိန်း ၁ သောင်းဂုဏ်ပြု

Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ကျပ်သိန်း ၁ သောင်းဂုဏ်ပြု

RNA_စက်တင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော အာဏာသိမ်းစစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ဂုဏ်ပြု ဆုငွေ သိန်း ၁ သောင်း နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) ကျင်းပခဲ့သည်ဟု NUGက ထုတ်ပြန်ထားသည်။ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်…
Read More