Tag: စစ်တပ်အာဏာသိမ်းမှု

  • မတ်လ (၂) ရက်နေ့ လွတ်ငြိမ်းဖြင့် နိုင်/ကျဉ်း (၄၄၀၃) ဦးလွတ်မြောက်

    မတ်လ (၂) ရက်နေ့ လွတ်ငြိမ်းဖြင့် နိုင်/ကျဉ်း (၄၄၀၃) ဦးလွတ်မြောက်

    RNA_မတ်(၄)၊၂၀၂၆ခုနှစ်။

    အာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသူ/သားများကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် မတ်လ (၄) ရက်နေ့အထိ အကျဉ်းထောင် (၃၉) ခုမှ နိုင်ငံရေး အကျဉ်းသူ/သား (၄၄၀၃) ဦး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်သည်။

    (more…)

  • မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

    မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

    RNA_ဇန်နဝါရီ(၇)၊၂၀၂၆ခုနှစ်။

    မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အား ဟန့်တားသည့်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၄) စီးပါ အထူးယဉ်တန်းအား ဇန်နဝါရီ ၆ ရက်နေ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း သိရသည်။

    တိုက်ခိုက်ခံရမှုအတွင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးအပါအဝင် (၈)ဦး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် (၂)လက်၊ ၎င်းကျည် (၁၆၁) တောင့်နှင့် ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

    စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

    (more…)

  • နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=_-8QJ-5Wb8g[/embedyt]

    #rednewsagency #rednews #rna #myanmar #revolution #burma

  • ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

    ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၄ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများ နောက်ကွယ်က ပညာသင်ကြားခွင့် ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး မြေပြင်အခြေအနေများကို ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=cbi0pDq52tE[/embedyt]

    Red News Agency

  • ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

    ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

    RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=Bg0kDSgr5nA[/embedyt]
    Red News Agency

  • အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၄ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက ကျောင်းသူ ကျောင်းသားများ၏ အိပ်မက်​တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေကြသည့် အခြေအနေများကို တင်ပြလိုက်ရပါသည်။

    [embedyt] https://www.youtube.com/watch?v=hgIDf8OisNA[/embedyt]

    Red News Agency

  • ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

    ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    အညဒေသက ဓလေ့ထုံးတမ်းများ နောက်ကွယ်မှာ ကြုံတွေ့နေရတဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများကို လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=v3t_IV8YuT0[/embedyt]

    Red News Agency

  • တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

    တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

    “စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်”

    ရန်နိုင် – Wiper 

    စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး စစ်တပ်မုန်းတီးသူ ပြည်သူတွေသာ သိသိသာသာများပြားလာခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ အမြင်မှာ စစ်တပ်နဲ့စစ်သားတွေကိုစစ်ခွေးဆိုတဲ့ အသုံးအနှုန်းနဲ့  ရွံ့စရာကောင်းတဲ့ လူမဆန်သူတွေအဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ တိုင်းပြည်အတွက် ခေါင်းမော့၊ ရင်ကော့ပြီး တိုက်ပွဲဝင်မယ်လို့ ခံယူပြီး စစ်တပ်ထဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကတော့ ပြည်သူတွေရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတော့လို့ CDM ဝင်ပြီး ပြည်သူတွေကို ရပ်တည်လာခဲ့ကြတယ်။

    (more…)

  • တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

    တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

    လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်

    ခေတ်ငြိမ်းအေး 

    “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့” ယောသူတယောက်က အာဏာသိမ်းစတုန်းက သူ့တွေးမိပုံကို ပြောပြတာ ဖြစ်ပါတယ်။
     
    “နိုင်ငံရေးဆိုတာ သေချာနားလည်မနေဘဲ သူများတွေလုပ်သလို လိုက်လုပ်နေတဲ့သဘောပဲ။ ပထမဆုံး နေပြည်တော်က မြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အချိန်ကျတော့ နိုင်ငံရေးကို လူငယ်တွေ အသက်ပေးလုပ်နေကြတာ စပြီးသတိထားမိတာပဲ” လို့ ထပ်ပြောပြသေးတယ်။ 

    သူမတို့ရဲ့ ရွာက ထီးလင်းနယ်မှာရှိပြီး ထီးလင်းဆိုတာက တမြို့နယ်လုံး တောင်ဆင်း၊ တောင်တက်တွေနဲ့ စိမ်းစိုစို သဘာဝရှုခင်းတွေနဲ့ နေ့ချင်စဖွယ်အရပ်ဒေသတခုဖြစ်တယ်။ တောထဲက သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ ခြေတံရှည် သစ်သားအိမ်ကလေးတွေနဲ့ တောင်ကျချောင်းက လာတဲ့ရေကို သောက်သုံးကြတဲ့ ပကတိဖြူစင်ကြတဲ့ ယောသူ၊ ယောသားတွေပေါ့။ စိုက်ပျိုးရေးကိုပဲ အဓိကအားထားပေမယ့် စပါးကိုပင် ကိုယ့်အိမ်နဲ့ကိုယ် စားလောက်ရုံလောက်သာ စိုက်နိုင်ကြတဲ့ နေရာတခုဖြစ်တယ်။ လှပပြီး ရိုးရှင်းကြတာနဲ့အပြိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ကြတယ်။ 

    (more…)