Student Armed Force

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။   ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=Wj-Wd3MU5QE[/embedyt]   #RedNewsAgency #REDNEWS #RNA #AhNyar
Read More
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=sR50YI7TKTI[/embedyt] #RedNewsAgency #RedNews
Read More
အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ (more…)
Read More
လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ   RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။   SAF တပ်ဖွဲ့၏ စစ်ရေးပြင်ဆင်ထားမှုနှင့် ၂၀၂၅ အတွင်း ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ စစ်ရေးအရ စစ်ကောင်စီကို အသာစီးရထားမှသာ နိုင်ငံရေးအရ အသာစီးရမသွားနိုင်ကြောင်း၊ ပြည်သူများ၏ လိုလားချက်သည် စစ်တိုက်မှရမည်ဆိုပါက တိုက်ကြရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံ၍မရဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=tSJh9aRTtn0[/embedyt] #RedNewsAgency #REDNEWS #RNA #revolution #democracy #Federal
Read More
အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။   အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=hHUyqAWwjZU[/embedyt] ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။ #RedNewsAgency
Read More
အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် - Student Armed Force မှ ရဲဘော်ရဲထွန်းသည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့ပြောင်မြောက်စွာ အသက်ပေးလှူ (ကျဆုံး)ခဲ့ရကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှရဲဘော်များ၊ မဟာ မိတ်ရဲဘော်များ ပူးပေါင်းပေါင်းပြီး အကြမ်းဖက် အာဏာ သိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့က ရဲဘော်ရဲထွန်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Armed Force ကထုတ်ပြန်ထားသည်။ " ရဲဘော်ရဲထွန်း၏ နောက်ဆုံးခရီးကို ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်များ၊ နယ်မြေခံပကဖရဲဘော်များနှင့် ဒေသခံပြည်သူများမှ ဂုဏ်ပြုပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော…
Read More