Student Armed Force

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် - Student Armed Force မှ ရဲဘော်ရဲထွန်းသည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့ပြောင်မြောက်စွာ အသက်ပေးလှူ (ကျဆုံး)ခဲ့ရကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှရဲဘော်များ၊ မဟာ မိတ်ရဲဘော်များ ပူးပေါင်းပေါင်းပြီး အကြမ်းဖက် အာဏာ သိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့က ရဲဘော်ရဲထွန်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Armed Force ကထုတ်ပြန်ထားသည်။ " ရဲဘော်ရဲထွန်း၏ နောက်ဆုံးခရီးကို ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်များ၊ နယ်မြေခံပကဖရဲဘော်များနှင့် ဒေသခံပြည်သူများမှ ဂုဏ်ပြုပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော…
Read More