Tag: ယောဒေသ

  • ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။

    ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။

    အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင် (အချိုးကျ/အလှည့်ကျ) (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဖြန့်ဝေထားသည့် စာတွင် တွေ့ရှိရသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

    မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ခုနှစ်။

    အာရက္ခတပ်တော်နှင့် ချင်းညီနောင်အပါအဝင် အခြားသောမဟာမိတ်များနှင့် လက်တွေ့ကျကျတိုက်ပွဲဝင်ပြီး မြို့သိမ်း တိုက်ပွဲများကို ဦးတည်ကြိုးစားဆောင်ရွက်နေသော ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ရှုံးပြီး မင်းတပ်မြို့ ခလရ (၂၇၄) မှ ထွက်ပြေးလာသော (၁၂) ဦးကို ယောဗျူဟာ ဖမ်းဆီးရမိ

    စစ်ရှုံးပြီး မင်းတပ်မြို့ ခလရ (၂၇၄) မှ ထွက်ပြေးလာသော (၁၂) ဦးကို ယောဗျူဟာ ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးအား ဗျူဟာအမှတ် – ၈၁ ယောဗျူဟာမှ ဖမ်းဆီးရမိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ယောနယ်ရဲ့ တော်လှန်ရေးကြောင့် ပြောင်းလဲမှုများ

    ယောနယ်ရဲ့ တော်လှန်ရေးကြောင့် ပြောင်းလဲမှုများ

    ခေတ်ငြိမ်းအေး
     
    “တဖက်တလမ်းကနေ တော်လှန်ရေးကို ကူညီနေကြသလို တခြားတဖက်မှာလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းလာကြတယ်”
    [embedyt] https://www.youtube.com/watch?v=oLmdxqoUuuA[/embedyt]
     
    #RedNewsAgency #RNA

  • တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

    တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

    လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်

    ခေတ်ငြိမ်းအေး 

    “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့” ယောသူတယောက်က အာဏာသိမ်းစတုန်းက သူ့တွေးမိပုံကို ပြောပြတာ ဖြစ်ပါတယ်။
     
    “နိုင်ငံရေးဆိုတာ သေချာနားလည်မနေဘဲ သူများတွေလုပ်သလို လိုက်လုပ်နေတဲ့သဘောပဲ။ ပထမဆုံး နေပြည်တော်က မြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အချိန်ကျတော့ နိုင်ငံရေးကို လူငယ်တွေ အသက်ပေးလုပ်နေကြတာ စပြီးသတိထားမိတာပဲ” လို့ ထပ်ပြောပြသေးတယ်။ 

    သူမတို့ရဲ့ ရွာက ထီးလင်းနယ်မှာရှိပြီး ထီးလင်းဆိုတာက တမြို့နယ်လုံး တောင်ဆင်း၊ တောင်တက်တွေနဲ့ စိမ်းစိုစို သဘာဝရှုခင်းတွေနဲ့ နေ့ချင်စဖွယ်အရပ်ဒေသတခုဖြစ်တယ်။ တောထဲက သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ ခြေတံရှည် သစ်သားအိမ်ကလေးတွေနဲ့ တောင်ကျချောင်းက လာတဲ့ရေကို သောက်သုံးကြတဲ့ ပကတိဖြူစင်ကြတဲ့ ယောသူ၊ ယောသားတွေပေါ့။ စိုက်ပျိုးရေးကိုပဲ အဓိကအားထားပေမယ့် စပါးကိုပင် ကိုယ့်အိမ်နဲ့ကိုယ် စားလောက်ရုံလောက်သာ စိုက်နိုင်ကြတဲ့ နေရာတခုဖြစ်တယ်။ လှပပြီး ရိုးရှင်းကြတာနဲ့အပြိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ကြတယ်။ 

    (more…)

  • ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

    ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

    RNA_အောက်တိုဘာ(၂)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း ယောဒေသမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ မြေပြင်စိုးမိုးမှုတွေ ရရှိနေပြီးတော့ စစ်ရေးအခြေအနေနှင့် ဒေသတွင်းအခြေအနေများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=PkwF5C8p80Q[/embedyt]
     
    #RedNewsAgency

  • ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

    ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း ယောဒေသနှင့် စစ်ကိုင်းတိုင်း ချင်းတွင်း ဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းတချို့ကို ဖော်ပြလိုက်သည်။

    ABSDF Column-3 ရဲဘော်များသည် ယောဒေသနှင့်ချင်းတွင်းဒေသရှိ NUG-MOD PDF များ၊ ပကဖ နှင့်​ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=Fpf-MaVa-58[/embedyt]

    ယခုဖော်ပြပါ ရုပ်သံသည် ABSDF Column-3 ရဲဘော်တဦးက စစ်ဆင်ရေးမှတ်တမ်းများအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပြီး၊ နောက်ခံ ကျောင်းသားတပ်မတော်သီချင်းမှာ ABSDF ဒေါင်းတမာန်စခန်းမှ တေးရေး၊တေးဆို ရဲဘော်မိုးခါး သီဆိုထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    Red News Agency

  • ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

    ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

    RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

    စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

    RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက YPDF တပ်ခွဲ (၃) ရှိ ရဲဘော်များနှင့် ဥက္ကဌ ရဲဘော်ယောလေးအပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးအခြေအနေများကို တိုက်ပွဲပြန်ရဲဘော်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌရဲဘော်ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်အောင်ကြီး၊ တပ်ရင်းမှူး ရဲဘော်တာရာနဲ့ တာဝန်ရှိသူများကလည်း တပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

    ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။

    Photo : ABSDF Column-3

    ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး G3 ၄ လက် ၊ G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု ABSDF စစ်ကြောင်း ၃မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)