ယောဒေသ

ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

RNA_အောက်တိုဘာ(၂)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း ယောဒေသမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ မြေပြင်စိုးမိုးမှုတွေ ရရှိနေပြီးတော့ စစ်ရေးအခြေအနေနှင့် ဒေသတွင်းအခြေအနေများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောကြားထားသည်။   #RedNewsAgency
Read More
ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

RNA_စက်တင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း ယောဒေသနှင့် စစ်ကိုင်းတိုင်း ချင်းတွင်း ဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းတချို့ကို ဖော်ပြလိုက်သည်။ ABSDF Column-3 ရဲဘော်များသည် ယောဒေသနှင့်ချင်းတွင်းဒေသရှိ NUG-MOD PDF များ၊ ပကဖ နှင့်​ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။ ယခုဖော်ပြပါ ရုပ်သံသည် ABSDF Column-3 ရဲဘော်တဦးက စစ်ဆင်ရေးမှတ်တမ်းများအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပြီး၊ နောက်ခံ ကျောင်းသားတပ်မတော်သီချင်းမှာ ABSDF ဒေါင်းတမာန်စခန်းမှ တေးရေး၊တေးဆို ရဲဘော်မိုးခါး သီဆိုထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Red News Agency
Read More
ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် - YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက YPDF တပ်ခွဲ (၃) ရှိ ရဲဘော်များနှင့် ဥက္ကဌ ရဲဘော်ယောလေးအပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးအခြေအနေများကို တိုက်ပွဲပြန်ရဲဘော်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌရဲဘော်ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်အောင်ကြီး၊ တပ်ရင်းမှူး ရဲဘော်တာရာနဲ့ တာဝန်ရှိသူများကလည်း တပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊…
Read More
ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။ ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့်…
Read More
NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။ ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ.အ.ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ.အ.ဖ ရဲဘော် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၈) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF…
Read More
ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။ မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က…
Read More
ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် - YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ Red News Agency
Read More