“အခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်ရှောက်မှု မပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်”
Tag: စီးပွားရေးကြပ်တည်းမှု
-

စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ
ဧရာဝတီလင်းပိုင် – Wiperဇူလိုင်လဆန်းပိုင်းကစပြီး ပြည်သူတွေဟာ ဒုက္ခတစ်ခုထပ်တိုးရင်ဆိုင်လိုက်ရတာတော့ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေ ဖမ်းဆီးခံရခြင်းရဲ့ နောက်ကွယ်မှာ ငွေထုတ်ယူမှုပြဿနာဆိုတဲ့ ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပ်ထားတဲ့ ငွေကို သွားရောက်ထုတ်ယူကြရာမှာ ၂ သိန်းမှ ၅သိန်းထိသာ ထုတ်ပေးကြောင်းကို သွားရောက်ထုတ်ယူခဲ့သူများထံမှ သိရှိရပါတယ်။ တစ်နေရာနှင့်တစ်နေရာ ထုတ်ပေးမှု ပမာဏ ကွာခြားချက်များရှိသော်လည်း သေချာတာက တော့ မိမိငွေကို အပ်ထားတဲ့ ပမာဏအတွင်းက လိုသလောက် ထုတ်ယူမရတာတဲ့ အခက်အခဲကတော့ နေရာတိုင်း ကြုံနေရပါတယ်။ မှတ်ပုံတင်ဖြင့် ငွေလွှဲသူများကိုလည်း ၅ သိန်းအောက်ထိသာ ဝန်ဆောင်မှုပေးလုပ်ကိုင်လျှက်ရှိပါတယ်။KBZ Pay၊ AYA Pay ၊ Wave Payစတဲ့ Online payment များမှာလည်း ငွေသားထုတ်ယူမှုအတွက် တစ်သိန်းထုတ်ယူရင် တစ်သောင်း၊ ငါးထောင်ပေးပြီး ထုတ်ယူနေကြရသလို Online payment ဖြင့် ငွေပေးချေဈေးဝယ်ပါက လက်မခံတာရှိသလို ၅% အပိုပေးပြီးငွေပေးချေမှုဖြင့် လက်ခံမှုလည်းရှိကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် အခြေခံလူတန်းစားများအတွက် ရာခိုင်နှုန်းပေးပြီး ငွေထုတ်ယူရခြင်း၊ ဈေးဝယ်ရခြင်းတို့သည် ပိုမိုကြပ်တည်းမှုများဖြစ်ပေါ်နေပါတယ်။ ဒီလိုပြည်သူတွေ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်အောင် ဖန်တီးသူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။ ဆန်၊ဆီဈေးကို ထိန်းချုပ်တယ်ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူခံရမယ်ဆို ထုတ်ပြန်ထားတယ်။ ဒါပေမယ့် သတ်မှတ်ဈေးအတိုင်း ဘယ်စီးပွားလုပ်ငန်းရှင်ကမှ မရောင်းနိုင်တဲ့အခါ တိတ်တဆိတ်လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်ရတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။ -

သူငယ်ချင်းထံ ပေးစာ
“ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
**************************
သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။
တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။

-

စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ
“ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”
ငြိမ်းမောင်
၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။
အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း 92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။