RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(more…)
Tag: အစ္စလာမ်ဘာသာဝင်
-

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း
-

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ
RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။
[embedyt] https://www.youtube.com/watch?v=H0YXmcUJ_tg[/embedyt]
တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။
Red News Agency
-

ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်
“ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”
ရန်နိုင် – Wiper
စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။
လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု (၂)ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက (၂)ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။
၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ (၈)နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ(၁)ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။
-

လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ
“အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့”
“ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်” ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း စကစရဲ့ အခြေချဗျူဟာတွေ၊ အခိုင်အမာစစ်စခန်းတွေနဲ့ ပြည်နယ်ချင်းဆက် မြို့တွေကိုပါ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။အခု တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးသူ အဖွဲ့အစည်းတွေကြား အထူးအလေးထားစောင့်ကြည့်ခဲ့ရတဲ့ ပြည်နယ်ဖြစ်ပြီး စစ်တပ်ရဲ့ခြေလျင်စစ်ကြောင်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို ရက်ရက်စက်စက်ဖြင့် ချေးမှုန်းခဲ့ကြတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုစဥ်က စစ်တပ်အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးတွေကို စစ်ဆင်ရေးကြီးတစ်ခုသဖွယ်ရှင်းလင်းခဲ့ကြပြီး အဆိုပါလုပ်ရပ်ကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
-

ဘာသာရေး အခြေမခံတဲ့ နွေဦးတော်လှန်ရေး
“ဘာသာရေးကနေလည်း မသွေဖွယ်အောင် တော်လှန်ရေးလုပ်ငန်းများလည်း မစွန့်လွှတ်ရလေအောင် ကြိုးစားနေထိုင်နိုင်ခဲ့ရသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖေးမကူညီပေးခဲ့တာတွေ”
ရန်နိုင်
မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်းမှာ မြေပေါ်မြေအောက် ပူးပေါင်းပါဝင်နေဆဲဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များဟာ အခက်ခဲမျိုးစုံနဲ့ ရှေ့ဆက်နေသလို တော်လှန်ရေးညီကို မောင်နှမများက ရင်းရင်းနှီးနှီး ဖေးမကူညီတတ်ခြင်းကြောင့်လည်း (၃) နှစ်ကျော်ကြာ တော်လှန်ရေးကာလရောက်လာတဲ့အထိ ကွဲပြားတဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့အတူ အာဏာရှင်ကို အတူတကွတိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်တယ်။
ဘာသာမတူသူတွေဖြစ်ပေမဲ့ အစ္စလာမ်ဘာသာဝင်တွေက ကူညီပေးမှုတွေအဖြစ် နာဂစ်ကာလမှာ ရန်ကုန်မြို့တွင်း ဗလီများက ရပ်ကွက်အတွက် သုံးရေများကို လိုက်လံ ဖြည့်ပေးခဲ့တာတွေ၊ ကိုဗစ်ကာလမှာလည်း နွယ်အေးဗလီက ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်အိုးတွေကို အခမဲ့ကူညီပေးခဲ့သလို၊ အခြေခံစားသောက်ကုန်တွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့တယ်။
အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ဦးကိုနီလို ဥပဒေပညာရှင်တယောက်ကလည်း ၂၀၀၈ ခြေ/ဉ ရဲ့ အားနည်းချက်တွေကို အားလုံးနားလည်နိုင်အောင် ဖေါ်ထုတ်ပေးနိုင်ခဲ့တယ်။ ဦးကိုနီက စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ မြင့်မြတ်စွာ အသက်ဆုံးရှုံးခဲ့ရပေမယ့် မြန်မာ့လူမျိုးတို့ရဲ့စိတ်မှာ တန်ဘိုးဖြတ်မရတဲ့ အစ္စလာမ်ဘာသာဝင် ဥပဒေပညာရှင် တယောက် ဖြစ်ပါတယ်။ အချုပ်မကြောက်၊ ထောင်မကြောက် အသက်သေခံရမည်ကို ဂရုမစိုက်ပဲ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တယောက် ဖြစ်တယ်။ ကိုးကွယ်တဲ့ဘာသာ မတူပေမယ့် တိုင်းပြည်အပေါ် တိုးတက်ပြောင်းလဲ စေချင်တဲ့ ဆန္ဒအတူတူ ရှိကြသူများဖြစ်တယ်။