Tag: KNDF

  • လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၄ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ အဝင်အထွက်များတွင် KNDF နှင့် တော်လှန်ရေးတပ်ပေါင်စုရဲဘော်များ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများ စခန်းအတွင်းနေထိုင်ကာ လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေရကြောင်း သိရသည်။

    “လွိုင်ကော်မြို့ရဲ့အဝင်အထွက်တွေ ပြီးရင်မြိုထဲထိပါ တော်လှန်ရေးတပ်ပေါင်းစုက နေရာယူထားပါတယ်။ အဲဒီအနေအထားကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မြေပြင်က ရိက္ခာပို့မရတော့ဘူး အခုစစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာပို့နေတယ်။ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချရတဲ့ အနေအထားဖြစ်နေပြီ။ ရဟတ်ယာဉ်ဆိုရင်တော့ ကျနော်တို့ ပစ်တာတွေရှိတယ်။ ဒီးမော့ဆိုမှာဆိုရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပိတ်ဆို့ထားပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

    ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် သူတို့အခြေစိုက်စခန်းအတွင်းမှ ထွက်မရတော့သည့်အနေအထားဖြစ်နေပြီး စားနပ်ရိက္ခာများ ပြတ်လပ်မှုများရှိကြောင်း၊ ရိက္ခာကို ကင်းထောက်လေယာဉ်ဖြင့် လေထီးဖြင့် ချပြီး၊ လက်နက်ခဲယမ်းဆိုပါက ရဟတ်ယာဉ်မှ လေထီးဖြင့် ပစ်ချမှုများ ယခုရက်ပိုင်းပြုလုပ်နေရကြောင်း သိရသည်။

    (more…)

  • စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

    စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

    RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA – ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။

    စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထံမှ သိရသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    “စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

    ငြိမ်းမောင်

    တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

    ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

    KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။

    (more…)

  • ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

    ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

    (more…)

  • လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

    လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။
    ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲ​ဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သ​င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
    တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ​တော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

    စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။

    [embedyt] https://www.youtube.com/watch?v=3WZVK2gkwdo[/embedyt]

    စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

    လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။

    “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံးခဲ့ပြီး ခမရ(၆) ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

    ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

    “ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်”

    လင်းယုန်

    ၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။

    မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။ အနီးစပ်ဆုံး သာဓကအနေဖြင့် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် သေနတ်ဒဏ်ရာနှင့် အသက်ငင်နေသော စစ်ကောင်စီလက်အောက်ခံများက သူတို့ အသက်မသေခင်အထိ တကြော်ကြော်ဟစ်ခေါ်ပြီး လေယာဉ်ပစ်ကူတောင်းနေ ပါသော်လည်း အချိန်မီစေလွှတ်မပေးနိုင်ခြင်းမရှိကြောင်းကို တွေ့မြင်ကြပြီးဖြစ်သည်။

    ပြည်သူကျွေးသည့် ရိက္ခာ၊ လစာ၊ ဆန်၊ ဆီး၊ ဆား၊ ပဲများကို စားသောက် ပြည်သူဆင်ပေးသည့် ယူနီဖောင်းကိုဝတ်၊ ပြည်သူ့ဘဏ္ဍာငွေနှင့်ဝယ်ယူထားသည့် စက်လက်နက်ပစ္စည်းကိုသုံးပြီး ပြည်သူကို သစ္စာဖောက်ပုန်ကန်၊ တိုင်းပြည်အာဏာကို မတရားလုယူရုံသာမက ပြည်သူကိုရန်သူသဖွယ်ရှု့မြင်ပြီး လက်နက်အားကိုး ပြည်သူ့အိုးအိမ်စည်းစိမ်များကို ခိုးဆိုးလုယက်၊ ပြည်သူများကို အရှင်လတ်လတ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ် ယုတ်မာသည့်စစ်တပ်မှာ သက်ဆိုးရှည်စရာအကြောင်းမရှိသလို ခွင့်လွတ်ပေးနိုင်စရာအကြောင်းလည်း မရှိပါ။

    (more…)

  • KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

    KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

    RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။

    ယနေ့ ကရင်နီပြည်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) စတင်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ချိန် လေယာဉ်တစ်စီးကို ပစ်ချနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ” စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။

    (more…)