ကရင်နီ

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။ KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။ ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း…
Read More
ပြည်နယ်စည်းလုံးညီညွတ်မှု အားကောင်းရေးအပါအဝင် မဟာဗျူဟာ (၄) ခုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌသစ် ပြော

ပြည်နယ်စည်းလုံးညီညွတ်မှု အားကောင်းရေးအပါအဝင် မဟာဗျူဟာ (၄) ခုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌသစ် ပြော

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုမှ မူးအန်ဂျလာကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ KSCC ၏ (၂၇) ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ဥက္ကဋ္ဌရာထူးအပြင် ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KSCC ၏ နိုင်ငံရေးအခန်းကဏ္ဍကို မြှင့်တင်ခြင်းအပါအဝင် ပြည်နယ်စည်းလုံးညီညွတ်ရေး အားကောင်းမှု တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အသွင်ကူးပြောင်းရေး အစီအမံများ ချမှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌ မူးအန်ဂျလာက Red News Agency…
Read More
စစ်အုပ်စု အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် KNDF ရဲဘော် (၅) ဦး ကျဆုံး

စစ်အုပ်စု အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် KNDF ရဲဘော် (၅) ဦး ကျဆုံး

RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်နယ် ဖရူမြို့နယ် မိုဆိုရွာအနီး၌ ကင်းစောင့်နေသည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲဘော် (၅) ဦး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကျဆုံးသွားကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။ စက်တင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက မိုဆိုရွာအနီး၌ စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်ချိန် အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရပြီး သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း IEC အတွင်းရေးမှူး (၂) ကိုဗညားက Red News Agency ကို ပြောသည်။ “ကျွန်တော် သိရသလောက်ကတော့ မနေ့က ဖြစ်တာ ဟုတ်ပါတယ်။ ရဲဘော် (၅) ဦး ကျဆုံးသွားတာ ဟုတ်ပါတယ်။…
Read More
Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Red News / Fact Check   ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။   စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ ------------------------------------ မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank)…
Read More
ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်မှာ ကရင်နီပြည် ဖားဆောင်းမြို့နှင့် ကျောက်စုရွာကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ပျက်ကျခဲ့သည့်အတွက် ယနေ့ တော်လှန်ရေးအင်အားစုများက လေယာဉ်အပိုင်းအစများကို တွေ့ရှိထားပြီဖြစ်သည်။ စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်သည် ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။ (more…)
Read More
ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ရင်း ကျဆုံးခဲ့ရသော PDF၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းတွင် စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပနခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ သပြေကုန်းကျေးရွာ ဘုန်းကြီးကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေစဉ် ဆီဆိုင်မြို့နယ်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဇွန်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=MKvAN312U5I[/embedyt] (more…)
Read More
ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။ ဆရာနိုင်မြန်မာ ကွယ်လွန်သည့် သတင်း၊ ပဲခူးရိိုးမမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီီးသေဆုံးမှုများရှိသည့်သတင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ဒရုန်းနှင့်တိုက်ခိုက်ခံရသောသတင်း၊ ကရင်နီဝံပုလွေစစ်ကြောင်းမှ ရဲဘော် (၂) ဦးကျဆုံးခဲ့ရသည့် သတင်းနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ စစ်သုံ့ပန်းများကို ကယ်ထုတ်သည့်သတင်းများကို တင်ဆက်ထားသည်။ #RedNewsAgency #RedNews #RNA
Read More
ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။ ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။ (more…)
Read More
KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

KNDF ထံ အလင်းဝင်လာသော CDM များကို လုံခြုံအေးဆေးစွာ စောင့်ရှောက်ထား

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။   ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံ အလင်းဝင်လာသော စစ်ကောင်စီလက်အောက်ခံများကို လုံခြုံအေးချမ်းစွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရအောင် ကြိုးစားဆောင်ရွက်ပေးမှုများရှိပြီး CDM များ ပျော်ရွှင်စွာနေထိုင်ကြရကြောင်း KNDF ကထုတ်ပြန်ထားသည့် ရုပ်သံတွင် CDM များကိုယ်တိုင် ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=uMvqSlQQIBc[/embedyt] #RedNewsAgency #REDNEWS #REDNEWS
Read More