တက္ကသိုလ်

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။   ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။   လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။ (more…)
Read More
ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။ (more…)
Read More