09
Oct
RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင် (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဒုတိယအကြိမ်မြောက် ညီလာခံကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၈) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံ၌ ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ AA တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ SRA…